Thursday, January 1, 2015

ခပ်စိမ်းစိမ်းနေတိုင်း သံယောဇဉ်ပြတ်တယ်လို့


သူများတွေ ရှင်သန်ရဲဖို့
ကိုကိုယ့်ကို ပိတ်လှောင်ထားရတာကလည်း
အပြောလွယ်သလောက် အလုပ်ခက်တယ်

ခပ်စိမ်းစိမ်းနေတိုင်း
သံယောဇဉ်ပြတ်တယ်လို့

........ဘယ်သူကပြောလဲ

စိတ်မာတယ်ဆိုတာ လူကြားကောင်းဖို့ မဟုတ်ဘူး
လူမသိအောင်ဘဲ
(တိုးတိုးလေး) ဂရုစိုက်မိခဲ့တာ

အချိန်တန် ရပ်တည်သွားနိုင်တဲ့တစ်နေ့
ငါ့ကိုပဲမေ့ပစ်လိုက်ကြလိမ့်မယ်
တခါတရံတော့ ပစ်ထားတတ်သူအနေနဲ့
သတိရချင် ရမှာပေါ့

ဘဝဆိုတာ ကိုယ့်မှာချည်းဒုက္ခ မမှတ်ဘဲ
ရုန်းကန်ရင်ဆိုင်ရဲစေချင်လို့
အထီးကျန်ဆိုတဲ့ စကားကိုပဲ ရွေးမယ်

တစ်နေ့နေ့တော့ အိမ်လေးကို
ကိုယ်ပြန်လာခဲ့မယ်
ဘယ်တော့မှန်းမသိတဲ့ တစ်နေ့ပေါ့....

No comments:

Post a Comment

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား " ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ သူ့အတွက် လွယ်ကူပေမယ့် ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရင်ဆိုင်...