Sunday, December 15, 2013
နင့်စိတ်နဲ့ပဲ ရပ်တည်လည်ပတ်တယ်
နင်မရှိရင်ကို မဖြစ်တာဟာ
တင်ဇာမော်ပြောတဲ့ 'စွဲလမ်းမှုပြသနာ'မျိုးလား
(နင်ဖြူစင်စေဖို့)
ငါ့ကိုယ်ငါပဲ ခဝါချလိုက်တယ်
ဟောဒီဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ်
(အလျင်စလိုနဲ့) သောက်နေမိ
ဒီဆေးလိပ်တစ်ဘူးကုန်ရင်ပဲ
အဖြေရှာတွေ့တော့မယ့်ပုံစံမျိုး
နင်နဲ့ပတ်သက်ရင် အစွန်းမရောက်ဖို့
နင်ကိုယ်တိုင်ကတောင် ပြောယူရတဲ့ဘဝ
ချိုသလား ခါးသလားတော့ သိပ်မပြောတတ်ဘူး
နည်းနည်းဆို များများအားငယ်တတ်တယ်
တစ်ယောက်ဘဝထဲ
တစ်ယောက် မျှော်လင့်ချက်တွေနဲ့
လိမ်ယှက်စည်းထိုးထားခဲ့တယ် ဒီဘဝထဲမှာပဲ
ငါတို့နှစ်ယောက်ရဲ့ ဘဝရှိတယ်
သတိမရဘူး... နင်မရှိခင် နေ့ရက်တွေကို
မနေတတ်တော့ဘူး...
နင်မရှိတဲ့နေ့ရက်တွေကို...
တစ်ကမ္ဘာလုံးကို ထမ်းပိုးထားရသလို
နှလုံးသားတစ်ခုလုံး လေးလံတယ်
ချစ်ခြင်းမေတ္တာကို လေလိုအရာလို့
ပြောနေသူတွေ ရူးနေလို့ပဲဖြစ်မယ်
လာပါ
အချစ်လို့ အနားခေါ်ထားရမလား
(ခပ်ဝေးဝေးမှာ) ကိုယ်ကပဲ
သွားနေရမလားဆိုတာကို တွေးရင်း
တစ်နေ့ပြီး တစ်နေ့ မိုးလင်းတယ်...
အချစ်မရှိဘဲ ရပ်တည်နိုင်တဲ့အတန်းမှာ
ကိုယ်က မူလတန်းပါ
ဘဝကို ဘယ်လိုပြောပြော
နင့်စိတ်နဲ့ သွားလာလည်ပတ်နေရတဲ့အဖြစ်ကို
ငါလည်း
(နည်းနည်းတော့) ငြီးငွေ့တာပေါ့ကွယ်
(ခင်ငြိမ်းချမ်း)
Monday, December 2, 2013
လာပါ ဒီဇင္ဘာ~
လေတွေတိုက်နေတယ်
(အလျင်စလိုနဲ့
အရာအားလုံးထုပ်သိမ်း
ထွက်ပြေးတော့မယ့်ပုံမျိုး)
အထီးကျန်မှုက အခန်းထဲမှာ
နင့်ကိုလိုအပ်သလား
ငါမသိဘူး
ပျင်းရိပျင်းတွဲနဲ့
ကော်ဖီတစ်ခွက်ကို
ဝတ်ကျေတန်းကျေ ထိုင်သောက်နေတယ်
ခဏနေရင်တော့
(ထုံးစံအတိုင်း )မနက်စာစားရမှာပေါ့
ဒီလိုနဲ့ တစ်မနက်ကုန်သွားတယ်
အေးတိအေးစက်နိုင်မှုက
မြောက်လေထဲတော့ ပါလာရဲ့
(အေးမြခြင်းမဟုတ်တဲ့) အထိအတွေ့က
ငါ့အတွက်တော့ ရိုးနေပါပြီ
ဒီလိုနဲ့ပဲ
ဒီတစ်ဆောင်းကို ထပ်ဖြတ်သန်းရမယ်
(တခါတလေတော့ နင်ပါချင်ပါမှာပေါ့)
လာပါ ဒီဇင်ဘာ~
မပွေ့ဖက်ပေမယ့်
တံခါးတော့ ဖွင့်ထားတယ်~
Saturday, November 30, 2013
ငါ့အတွက်တော့ ......ဆွိဒီဇင်ဘာပါပဲ
နင်တော့မရှိဘူး
လှမ်းထားတဲ့ စွပ်ကျယ်လေးနှစ်ထည်တော့ရှိရဲ့
ဒီနှစ် ဒီဇင်ဘာကရော ချိုမြိန်မှာလား
နိုဝင်ဘာက…
မိုးနဲ့နှုတ်ဆက်ပြီး ထွက်ခွာသွားတယ်
နောက်တစ်နှစ်တော့
့ပြန်ဆုံဦးမှာပါ……
ဒီဇင်ဘာဆိုတာ.....
World Aids Day နေ့
အဖေ့မွေးနေ့
မနှစ်က မောင်လေးမဆုံးခင် တစ်ရက်နေ့
(အဲဒီတုန်းက
အဖေ့မွေးနေ့ဆိုတာ မေ့နေတဲ့အထိ
တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းတောင်မဆိုင်ခဲ့)
နောင်တလား မသေချာဘူး
ဘယ်က စပြီး စကားမပြောခဲ့မှန်းမသိပေမယ့်
အချစ်ရဆုံးကို မုန်းရတာ ခက်တယ်
ဒီနှစ်ရန်ကုန်ဆောင်းကရော အေးဦးမှာလား
မန်းလေးဆောင်းမနက်တွေမှာ
အတူတူ အေးခဲ့ဖူးတာပဲ
မနက်စောစော လန့်နိုးတယ်
ဒီဇင်ဘာဆိုတာ ပြန်သတိမရသေးခင်အထိ
ပြန်ုငြိမ်းချမ်းနေတယ်
ဒီဇင်ဘာဆိုတာ အမာရွတ်တွေရဲ့လ
နှစ်တစ်နှစ်ကုန်တော့မယ့် အချက်ပေးခေါင်းလောင်းသံ
ဒဏ်ရာတွေ နှစ်ပတ်လည်တဲ့လ...
ဘာပဲပြောပြော
အများလို ဆွိဒီဇင်ဘာလို့ ပြောရမှာပဲ
အေးခဲမှုတွေအစား
ပူလောင်မှုတွေနဲ့
ရန်ကုန်ဆောင်းမှာ နေသားကျနေပြီ
ဒီတော့ နင်မရှိလည်းဘဲ
ဆွိဒီဇင်ဘာလို့ (ကိုယ့်ကိုကိုယ်)ညာပြီး
ပြောလိုက်တော့မယ်~
Happy Sweet December~
Thursday, November 21, 2013
ဆယ့်နှစ်ရာသီလုံး ဆောင်းညတွေ
သူလည်း လောကီသား
ကိုယ်လည်း လောကီသားမို့
အပြစ်တွေချေပစ်လိုက်တာ
အခုတော့
အပြစ်ရှိသူ ဘုရားကျွန်တော်မျိုးမ
ဖြစ်နေပါရောလား
ငါနဲ့တွေ့မှ ပင်ပမ်းရတယ်ဆိုပါလား
မနေချင်တော့ရင်လည်း အပြီးထွက်သွားပါ
တမ်းတစိတ်မောရတာက
အမုန်းဆုံးအလုပ်
အသည်းတွေနာသလို
မှတ်ဥာဏ်တွေလည်း နာတယ်
ရင်ထဲက ဒဏ်ရာက
(မဆိုစလောက်ဆိုပေမယ့်)
စိတ်ဓါတ်တွေက
ပျက်သွားလောက်တယ်
အသက်ရှုရတာခက်လာတယ်
သက်ပြင်းတွေကလည်း
ပို ပို လေးလာသလိုလို
နီးစပ်နေရက်နဲ့
လက်ထပ်ဖို့က ပို ပိုဝေးလာတယ်
ဘယ်မလဲ ကောင်းချီးမင်္ဂလာ...
မင်္ဂလာသြဘာစာတမ်းကို
ကိုယ်တိုင်ကိုယ်ကျ ဖတ်ပြရမယ် ထင်ပါရဲ့
ဘဝက ခါးတယ်လို့
လျှောက်မပြောတော့ပါဘူး
ကုန်လွန်ပါ နှစ်တွေ...
နောက်ဆုံးတော့
မျက်စိစုံမှိတ်ပြီး ညတွေမှာ
အိပ်ပျော်အောင် အိပ်လိုက်ရတာပါပဲ
ဆယ့်နှစ်ရာသီဆောင်းညတွေက
ရှည်လွန်းတယ်....
Sunday, November 10, 2013
အတွေး
ကိုယ်တိုင်ကြိုးစားတည်ဆောက်ခဲ့ရ
ဒီနေ့အသက်အရွယ်အထိ
ဘာတစ်ခုမှ အလကားမရခဲ့ဘူး
တန်ရာတန်ဖိုးတော့ ပြန်ပေးရတာချည်းပါပဲ
ဘဝက ရွေးချယ်ခွင့်မများဘူး
ဖြစ်ချင်ခဲ့တဲ့ဘဝကလည်း ဒီနေ့လိုမဟုတ်ဘူး
ဒါနဲ့များ ဘာလို့ဖက်တွယ်ထားမိပါလိမ့်
ငိုတာများလာတော့ ဟန်ကျပန်ကျရယ်တတ်လာခဲ့ပြီ
သူများတွေအမြင်ရဲ့ဆန့်ကျင်ဖက်အာ
ငါ့မှာ ရှိတယ်
ဘဝက တိုတိုပါတဲ့
စိတ်ချမ်းသာနည်းစာအုပ်တွေဖတ်ပြီ
ရှည်ရှည်လျားလျားဖြတ်သန်းနေရတယ်
လူဖြစ်လာတာ
လောကဓံကို သင်ကြားဖို့ သက်သက်ပဲလား
စီးကရက်မီးညှိလိုက်သလို
ဘီယာတစ်ဘူးကောက်မော့ပစ်လိုက်သလိ
အချိန်တွေတိုသွားရင် ကောင်းမလား
လိုချင်တာတွေ ရနေသေးပါတယ်
မလိုချင်တာတွေလည်း တွဲရက် ရနေပါသေးတယ်
တစ်နေ့တစ်နေ့ အလုပ်သွားလိုက်
ထမင်းစားလိုက်
အချစ်နဲ့ ပတ်သက်လိုက်
ဒီလိုပဲ လည်ပတ်နေရတယ်
မျှော်လင့်ချက်ဆိုတာ အဝေးမှာ
မပျော်ဘူးဆိုတာက အနီးမှာ
:))
နေတတ်သလို
နေမကောင်းဘူး
အထီးကျန်နေတယ်
အိပ်ပျော်အောင် အိပ်မှဖြစ်မယ်
အပြစ်တင်စကားတွေ
ပြောမထွက်မိအောင်နေပါ
(အပြစ်တင်ရုံနဲ့ ပြေလည်မှာမဟုတ်မှန်း
သိနေရက်နဲ့ကွယ်)
အကောင်းဆုံးက ပြုံးပါ
မငိုမိစေနဲ့
ဒါက သူ့ကိုရော သင့်ကိုပါ
နာကျင်စေမယ်
ဘေးမှာ ရှိနေသလိုပဲနေပါ
ဘေးမှာ ရှိနေသလိုပဲ စားပါ
ဘေးမှာ ရှိနေသလိုပဲ
စကားတွေ ပြောမိတဲ့အခါ……
တိမ်ပြာပြာနေ့မှာ လက်ထပ်ကြမယ်
တိမ်ပြာပြာနေ့မှာ လက်ထပ်ကြမယ်
ဝါဆိုကလွဲလို့ ဘာမှမရှိတဲ့ဘဝ
နင်မရှိရင် မဖြစ်တော့လို့
အရာအားလုံးနဲ့ လှဲလှယ်ယူခဲ့ရ
အဲဒီဘ၀ကပဲ ငါနဲ့နင့်ကိုရွေးချယ်ခဲ့
မိန်းမတစ်ယောက်ရဲ့ လိုအင်ဆန္ဒမျိုးနဲ့
နင့်ကိုချစ်ခဲ့တာ မဟုတ်ဘူး
နင်မရှိရင် မဖြစ်တော့တဲ့ဘ၀မျိုးနဲ့
တစ်ယောက်တစ်ဘ၀လို့ ချစ်ခဲ့ရတာ..
နင့်မှာ အားနည်းချက်ရှိနေရင်တောင်
(နင့်ကို ချစ်တဲ့စိတ်နဲ့)
နင့်ဖက်ကနေပဲ ကြည့်မိတယ်
တရားတယ် မတရားဘူးဆိုတာ
ဘယ်စံနဲ့ တိုင်းတာပါသလဲ
ဦးသူယူစတမ်းဆိုရင်
(မျက်စိမှိတ်ပြီး )
နင့်ကို ဇွတ်ထည့်ပေးလိုက်ချင်ပါရဲ့
ငါ့အတွက်ကြည့်ရင်ရော
ဒါဟာ တရားပါရဲ့လား
တရားဝင်စည်းမျဉ်းစည်းကမ်းတွေနဲ့ ကဲ့ရဲ့ပြီး
စိတ်ထဲကနေ ဖောက်ပြန်နေတဲ့သူတွေကို
အကြီးအကျယ်ရွံတယ်
(တရားဝင်) ငါတို့ဘာလုပ်လို့ဆိုတဲ့
လူတွေရဲ့ တိတ်တိတ်ပုန်းအတွေးတွေကို
ရွံတယ်......
မိန်းမတစ်ယောက်ရဲ့ ဆန္ဒနဲ့ ရွေးချယ်ခဲ့မယ်ဆိုရင်
ဘာလို့ နင့်တစ်ယောက်တည်းကို ရွေးချယ်ခဲ့မှာလဲ
ဒီကမ္ဘာမှာ (အလွယ်တကူသာရမယ်ဆိုရင်)
ယောက်ျားတွေ ပေါပါတယ်
ငါ့ရဲ့ချစ်ခြင်းမေတ္တာကို
အားနည်းချက်တစ်ခုလို ထိုးဆွနေသူတွေကို
ဒီတစ်ခါပဲ ကျိန်စာပေးလိုက်မယ်
တစ်နေ့လည်း သူတို့ကြုံပါစေလို့
နောက်ကျောကို ဓါးနဲ့ကပ်ထိုးတာများ
အချင်းချင်း ကပ်ထိုးတာတောင် ခံခဲ့ရဖူးပြီ
နင့်လက်ကိုဆွဲပြီး သတ္တိတွေမွေးခဲ့ရ
နင်မရှိရင် အရာရာဆုံးရှုံးနေတယ်လို့ ထင်တဲ့ဘဝ
ငါ့ရဲ့ အားနည်းချက်ဆိုလို့
နင်ပဲရှိတယ်
ဒါပေမယ့် ငါအပြုံးမပျက်ခဲ့ပါဘူး
တစ်နေ့နေ့ပေါ့
ငါဆုံးဖြတ်နိုင်တဲ့ တစ်နေ့နေ့ကြရင်
တိမ်ပြာပြာနေ့တစ်နေ့မှာ
လက်ထပ်ကြမယ်
(နှစ်ယောက်တည်း ဖြစ်ပါစေပေါ့)။
ဝါဆိုကလွဲလို့ ဘာမှမရှိတဲ့ဘဝ
နင်မရှိရင် မဖြစ်တော့လို့
အရာအားလုံးနဲ့ လှဲလှယ်ယူခဲ့ရ
အဲဒီဘ၀ကပဲ ငါနဲ့နင့်ကိုရွေးချယ်ခဲ့
မိန်းမတစ်ယောက်ရဲ့ လိုအင်ဆန္ဒမျိုးနဲ့
နင့်ကိုချစ်ခဲ့တာ မဟုတ်ဘူး
နင်မရှိရင် မဖြစ်တော့တဲ့ဘ၀မျိုးနဲ့
တစ်ယောက်တစ်ဘ၀လို့ ချစ်ခဲ့ရတာ..
နင့်မှာ အားနည်းချက်ရှိနေရင်တောင်
(နင့်ကို ချစ်တဲ့စိတ်နဲ့)
နင့်ဖက်ကနေပဲ ကြည့်မိတယ်
တရားတယ် မတရားဘူးဆိုတာ
ဘယ်စံနဲ့ တိုင်းတာပါသလဲ
ဦးသူယူစတမ်းဆိုရင်
(မျက်စိမှိတ်ပြီး )
နင့်ကို ဇွတ်ထည့်ပေးလိုက်ချင်ပါရဲ့
ငါ့အတွက်ကြည့်ရင်ရော
ဒါဟာ တရားပါရဲ့လား
တရားဝင်စည်းမျဉ်းစည်းကမ်းတွေနဲ့ ကဲ့ရဲ့ပြီး
စိတ်ထဲကနေ ဖောက်ပြန်နေတဲ့သူတွေကို
အကြီးအကျယ်ရွံတယ်
(တရားဝင်) ငါတို့ဘာလုပ်လို့ဆိုတဲ့
လူတွေရဲ့ တိတ်တိတ်ပုန်းအတွေးတွေကို
ရွံတယ်......
မိန်းမတစ်ယောက်ရဲ့ ဆန္ဒနဲ့ ရွေးချယ်ခဲ့မယ်ဆိုရင်
ဘာလို့ နင့်တစ်ယောက်တည်းကို ရွေးချယ်ခဲ့မှာလဲ
ဒီကမ္ဘာမှာ (အလွယ်တကူသာရမယ်ဆိုရင်)
ယောက်ျားတွေ ပေါပါတယ်
ငါ့ရဲ့ချစ်ခြင်းမေတ္တာကို
အားနည်းချက်တစ်ခုလို ထိုးဆွနေသူတွေကို
ဒီတစ်ခါပဲ ကျိန်စာပေးလိုက်မယ်
တစ်နေ့လည်း သူတို့ကြုံပါစေလို့
နောက်ကျောကို ဓါးနဲ့ကပ်ထိုးတာများ
အချင်းချင်း ကပ်ထိုးတာတောင် ခံခဲ့ရဖူးပြီ
နင့်လက်ကိုဆွဲပြီး သတ္တိတွေမွေးခဲ့ရ
နင်မရှိရင် အရာရာဆုံးရှုံးနေတယ်လို့ ထင်တဲ့ဘဝ
ငါ့ရဲ့ အားနည်းချက်ဆိုလို့
နင်ပဲရှိတယ်
ဒါပေမယ့် ငါအပြုံးမပျက်ခဲ့ပါဘူး
တစ်နေ့နေ့ပေါ့
ငါဆုံးဖြတ်နိုင်တဲ့ တစ်နေ့နေ့ကြရင်
တိမ်ပြာပြာနေ့တစ်နေ့မှာ
လက်ထပ်ကြမယ်
(နှစ်ယောက်တည်း ဖြစ်ပါစေပေါ့)။
ဆက်ထုံးပြည့်ကြိုး
ဆက်ထုံးပြည့်ကြိုး
ရင်ထဲမှာ ထုံနေတယ်
ဘာမှရေးမရဘူး
ဘာမှ ထပ်မပြောချင်တော့ဘူး
ငိုရင်း ငိုရင်းနဲ့
မောလာတာပဲ အဖတ်တင်တယ်
အဖြေက( ဒီလောက်နှစ်တွေ ကြာလာတာတောင်)
ရှာမတွေ့ခဲ့...
မယုံကြည်မှုတွေ(တို့နှစ်ယောက်ကြား)
လဲပြိုလာတဲ့အခါ
သူ့အပြစ်တင် ကိုယ့်အပြစ်တင်ရင်း
ရှောင်ရှားကြမိတာပါပဲ
အချစ်ဟာ အခါပေးမှားတဲ့ ဗေဒင်ဆရာလိုလို
ခဏလောက်ပဲဆန်းတဲ့ မျက်လှည့်ပြကွက်လိုလိုနဲ့
ဘာရှိလဲသိရက်နဲ့ အညာခံကြရ
နာကျင်မှုက ရိုးတွင်းခြင်ဆီအထိလိုက်တယ်
စကားလုံးတိုင်းက မြှားတွေဆိုရင်
ငါ့တစ်ကိုယ်လုံး ထုတ်ချင်းခတ်
နားလည်ပါတယ်လို့ ပြောနေရက်က
နားမလည်ခဲ့ကြဘူး
အချစ်ဆိုတာ မူးယစ်ဆေးဝါးတစ်မျိုးလို့ပြောရင်လည်း
(ဘာထူးလဲ)သူရောကိုယ်ရော
မှိုင်းမိခဲ့ကြတာပဲလေ
ချစ်ခြင်းမေတ္တာကို (ယုံကြည်မှုမပါဘဲ)
အချစ်ချည်းသက်သက်နဲ့ တည်ဆောက်မယ်ဆိုရင်
ဘယ်လောက်ကာလအထိ
နင် ရည်ရွယ်ထားပါသလဲ
နင်မှန်လား ငါမှားလားဆိုတာလည်း
မတွေးတော့ဘူး
လူသေရင် ငွေ့ငွေ့လေးတော့ကျန်ခဲ့သလိုမျိုး
(ငါတို့နှစ်ယောက်ကြားမှာ)
ဘယ်ချိန်ကတည်းက
နှစ်ယောက်အတူ ကျောချင်းကပ်ထားမိလဲ
အတူရင်ဆိုင်ဖို့အသင့်ကနေ
စွန့်ခွာဖို့အသင့်ထိ ဖြစ်သွားနိုင်ပါတယ်လေ
နေကမကောင်း
နင်ကမရှိနဲ့
ဒါနဲ့များ နှစ်ယောက်တစ်ဘ၀လို့
အတူတူရူးခဲ့ကြသေး
ပြီးဆုံးလိုက်ဖို့ စဉ်းစားလိုက်ပြန်တော့
သူ့ကြိုးကိုယ့်ကြိုးကလည်း
ဆက်ထုံးတွေနဲ့ ဆိုပေမယ့်
အလုံးစုံ ဖြည်ချလိုက်ဖို့ကလည်း ခက်သေးတယ်..။
ရင်ထဲမှာ ထုံနေတယ်
ဘာမှရေးမရဘူး
ဘာမှ ထပ်မပြောချင်တော့ဘူး
ငိုရင်း ငိုရင်းနဲ့
မောလာတာပဲ အဖတ်တင်တယ်
အဖြေက( ဒီလောက်နှစ်တွေ ကြာလာတာတောင်)
ရှာမတွေ့ခဲ့...
မယုံကြည်မှုတွေ(တို့နှစ်ယောက်ကြား)
လဲပြိုလာတဲ့အခါ
သူ့အပြစ်တင် ကိုယ့်အပြစ်တင်ရင်း
ရှောင်ရှားကြမိတာပါပဲ
အချစ်ဟာ အခါပေးမှားတဲ့ ဗေဒင်ဆရာလိုလို
ခဏလောက်ပဲဆန်းတဲ့ မျက်လှည့်ပြကွက်လိုလိုနဲ့
ဘာရှိလဲသိရက်နဲ့ အညာခံကြရ
နာကျင်မှုက ရိုးတွင်းခြင်ဆီအထိလိုက်တယ်
စကားလုံးတိုင်းက မြှားတွေဆိုရင်
ငါ့တစ်ကိုယ်လုံး ထုတ်ချင်းခတ်
နားလည်ပါတယ်လို့ ပြောနေရက်က
နားမလည်ခဲ့ကြဘူး
အချစ်ဆိုတာ မူးယစ်ဆေးဝါးတစ်မျိုးလို့ပြောရင်လည်း
(ဘာထူးလဲ)သူရောကိုယ်ရော
မှိုင်းမိခဲ့ကြတာပဲလေ
ချစ်ခြင်းမေတ္တာကို (ယုံကြည်မှုမပါဘဲ)
အချစ်ချည်းသက်သက်နဲ့ တည်ဆောက်မယ်ဆိုရင်
ဘယ်လောက်ကာလအထိ
နင် ရည်ရွယ်ထားပါသလဲ
နင်မှန်လား ငါမှားလားဆိုတာလည်း
မတွေးတော့ဘူး
လူသေရင် ငွေ့ငွေ့လေးတော့ကျန်ခဲ့သလိုမျိုး
(ငါတို့နှစ်ယောက်ကြားမှာ)
ဘယ်ချိန်ကတည်းက
နှစ်ယောက်အတူ ကျောချင်းကပ်ထားမိလဲ
အတူရင်ဆိုင်ဖို့အသင့်ကနေ
စွန့်ခွာဖို့အသင့်ထိ ဖြစ်သွားနိုင်ပါတယ်လေ
နေကမကောင်း
နင်ကမရှိနဲ့
ဒါနဲ့များ နှစ်ယောက်တစ်ဘ၀လို့
အတူတူရူးခဲ့ကြသေး
ပြီးဆုံးလိုက်ဖို့ စဉ်းစားလိုက်ပြန်တော့
သူ့ကြိုးကိုယ့်ကြိုးကလည်း
ဆက်ထုံးတွေနဲ့ ဆိုပေမယ့်
အလုံးစုံ ဖြည်ချလိုက်ဖို့ကလည်း ခက်သေးတယ်..။
ဒီလိုနဲ့ အချိန်တွေကုန်တယ်
ဒီလိုနဲ့ အချိန်တွေကုန်တယ်
သည်းမခံနိုင်တော့တဲ့အထိ
သည်းခံပြီးတဲ့အခါ
မျှော်လင့်ချက်ဆိုတာကို စုတ်ဖြဲပစ်လိုက်တယ်
ဘ၀ဆိုတာ ရေလိုက်ငါးလိုက်နဲ့
အချစ်ဆိုတာကလည်း
(စိတ်မချမ်းသာဖို့သက်သက်)
နေတတ်ရင် ပျော်စရာဆိုပေမယ့်
နေမှမနေတတ်တာကိုက ဒုက္ခအရသာ
ဒီလိုနဲ့ အချိန်တွေကုန်လာတယ်
တစ်ရက်ပြီးတစ်ရက်ကုန်လာတာနဲ့အမျှ
သေဖို့ပဲ နီးလာသလိုလို
နီးစပ်ဖို့ပဲ နီးလာသလိုလိုနဲ့
အချစ်က
တစ်ခါကြည့် ငါးကျပ်ပေးရတဲ့
လက်လှည့်ရုပ်ရှင်လို အယောင်ဆောင်တယ်
နင်နဲ့ငါက ၀ိုးတ၀ါးဇာတ်လိုက်တွေပေါ့
အနှစ်နှစ်ဆယ်ကျော်ပဲရှိသေးတယ်
ဖြတ်သန်းမှုက တစ်ဘ၀လုံးပဲကြာခဲ့သလိုလို
နင်နဲ့ငါက
လုံလုံလောက်လောက်ရော သိခဲ့ကြရဲ့လား
သိလာတာက
အချစ်ဆိုတာ
နင်ရော ငါရော ပျက်စီးစေမဲ့အရာ
ဆက်လည်းမရေးနိုင်တော့ဘူး
ဒီဗျည်း၃၃လုံးထဲက ထွက်ပြီး
ခံစားရသမျှ သွန်ပြီး ရေးချပစ်လိုက်ချင်တယ်
ဒီလိုနဲ့ စနေတစ်ရက်
ရက်သတ္တတစ်ပါတ်
ကုန်သွားပြန်တယ်...
သည်းမခံနိုင်တော့တဲ့အထိ
သည်းခံပြီးတဲ့အခါ
မျှော်လင့်ချက်ဆိုတာကို စုတ်ဖြဲပစ်လိုက်တယ်
ဘ၀ဆိုတာ ရေလိုက်ငါးလိုက်နဲ့
အချစ်ဆိုတာကလည်း
(စိတ်မချမ်းသာဖို့သက်သက်)
နေတတ်ရင် ပျော်စရာဆိုပေမယ့်
နေမှမနေတတ်တာကိုက ဒုက္ခအရသာ
ဒီလိုနဲ့ အချိန်တွေကုန်လာတယ်
တစ်ရက်ပြီးတစ်ရက်ကုန်လာတာနဲ့အမှ
သေဖို့ပဲ နီးလာသလိုလို
နီးစပ်ဖို့ပဲ နီးလာသလိုလိုနဲ့
အချစ်က
တစ်ခါကြည့် ငါးကျပ်ပေးရတဲ့
လက်လှည့်ရုပ်ရှင်လို အယောင်ဆောင်တယ်
နင်နဲ့ငါက ၀ိုးတ၀ါးဇာတ်လိုက်တွေပေါ့
အနှစ်နှစ်ဆယ်ကျော်ပဲရှိသေးတယ်
ဖြတ်သန်းမှုက တစ်ဘ၀လုံးပဲကြာခဲ့သလိုလို
နင်နဲ့ငါက
လုံလုံလောက်လောက်ရော သိခဲ့ကြရဲ့လား
သိလာတာက
အချစ်ဆိုတာ
နင်ရော ငါရော ပျက်စီးစေမဲ့အရာ
ဆက်လည်းမရေးနိုင်တော့ဘူး
ဒီဗျည်း၃၃လုံးထဲက ထွက်ပြီး
ခံစားရသမျှ သွန်ပြီး ရေးချပစ်လိုက်ချင်တယ်
ဒီလိုနဲ့ စနေတစ်ရက်
ရက်သတ္တတစ်ပါတ်
ကုန်သွားပြန်တယ်...
အမှန်တရား
အမှန်တရား
ရစ်သမ်မရှိဘဲ
အက္ခရာတွေစီတတ်ရုံနဲ့
ကဗျာတွေ၊ စာစုတွေဖြစ်နေပြီလို့
ထင်နေသူတွေကြားထဲမှာ
ကြာတော့လည်း အမှန်တရားလည်း
မိုးခါးရေထဲမှာ
သောက်လိုသောက်
မှောက်လိုမှောက်နဲ့
ကော်ပီက မူပိုင်ခွင့်ကို
ကျယ်ကျယ်လောင်လောင် အော်နေတဲ့ခေတ်
လောကကြီးက ပြောင်းပြန်
သူခိုးက သူခိုးချင်းပြန်ဟစ်လို့
လူက (တိုးတိတ်စွာနဲ့) ချောင်ထဲမှာ
ဘာစာတွေလဲ ဘာကဗျာတွေလဲ
အများစုကြိုက်ရုံနဲ့ အောင်မြင်တယ်ဆိုရင်
ရတနာဝင်းထိန်ပဲ ဖြစ်လိုက်မှပေါ့
ဘာလို့ စာတွေအများကြီးဖတ်ဖို့ လိုနေဦးမှာလဲ
သွားလေပြီးသော အနုပညာရှင်တွေမျက်နှာ
ရဲရဲတောင်မကြည့်ရဲတော့ဘူး
(အနုပညာက သားသတ်သမားတွေလက်ထဲမှာ)
ခေတ်ကိုက
ဆရာသစ္စာနီပြောနေတဲ့ ခေတ်ကဗျာတွေထဲကလိုပဲ
ခေတ်တစ်ခုလုံး အမှောင်ဖုံးခဲ့ပြီးတာတောင်မှ
စိတ်တွေက ဆက်လက်မှောင်နေတုန်း
ဒီမိုကရေစီ..မူပိုင်ခွင့်ဆိုတာက
အနုပညာကိုချစ်စိတ်မရှိတဲ့သူတွေ လက်ထဲမှာ
ကမ္ဘာကြီး လုံးတယ်လို့ စပြောခဲ့သလိုပဲ
အနုပညာကို ချစ်တယ်လို့
အရဲစွန့်ပဲ ပြောလိုက်တယ်
သူတို့ အမှန်တရားနဲ့ပဲ
ဒီနေ့ခေတ်မှာ ငါ့ကို ဆုံးဖြတ်ကြပါစေ
အမှန်တရားဟာ
ဒီနေ့ခေတ်မှာ မျက်နှာနှစ်ဖက်ရှိတယ်
မျက်နှာကြီးတဲ့ရာ ဟင်းဖတ်ပါလိမ့်မယ်
ပြဒါးက ကြေးမုံအစစ်ဖြစ်လာလိမ့်မယ်
တစ်နေ့တော့ ...
(ငါမရှိတော့တဲ့အခါ)
အမှန်တရားက လာပါလိမ့်မယ်..။
စက်တင်ဘာ ၄ရက် ၂၀၁၃
Wednesday, August 14, 2013
လွမ်းလို့ပါ
ကဗျာတွေလဲ မရေးဖြစ်ပါဘူး
(အလုပ်တွေနဲ့..မောဟတွေနဲ့ မအားလို့)
ဒါပေမဲ့ နင့်ကို လွမ်းနေပါတယ်
လူချင်းဘယ်လောက်ဝေးဝေး
စိတ်ချင်းနီးဖို့ အဓိကတဲ့ နင်က ပြောတယ်
ငါ့အတွက်ကတော့
ဝေးဝေးနီးနီးတွေထက်
နင့်မျက်နှာလေး မြင်ရဖို့ အဓိကပဲ ဖြစ်တယ်
ပြန်လာပါလို့ ထပ်မခေါ်တော့ဘူး
(လာစေချင်တယ်ဆိုတာ နင်သိတယ်)
တိတ်တိတ်လေးပါပဲ
(လောကကြီးထဲ ဖြတ်သန်းရင်းနဲ့)
စောင့်နေမယ်
နင်မရှိတဲ့အခါ
ဘယ်သူ့ကိုပဲခေါ်ခေါ်
ဘာအဓိပ္ပါယ်မှ ငါ့အတွက်မရှိတော့
(ဘ၀ဟာ နင်နဲ့မှပဲ နေပျော်တော့တာ)
တို့နှစ်ယောက်ရဲ့ ဓာတ်ပုံဟောင်းတွေ
ပြန်ကြည့်ရတာကိုက အရသာ
တစ်ခါ တစ်ခါ လွမ်းဆွတ်ခြင်းဟာ
ပျော်စရာကောင်းပါတယ်
ငြိမ်းငြိမ်းချမ်းချမ်းပါပဲ
နင့်လက်ကလေးကိုပဲ ဆုပ်ကိုင်ထားချင်တယ်
နင့်မျက်နှာကို ပြုံးရင်း မော့ကြည့်မယ်
(ဘ၀မှာ ဘာတွေပဲ လိုပါစေပေါ့)
Saturday, April 13, 2013
နှုတ်မရတော့တဲ့ မြှားတွေ
နှုတ်မရတော့တဲ့ မြှားတွေ
စကားလုံးတိုင်းကို
(သေချာဂရုတစိုက်နဲ့)
ချွန်ရှထက်မြနေအောင်သွေးပြီး
နင့်ကို စောင့်နေတယ်!
စကားလုံးတွေကို မြှားတွေလိုပဲ
ပြင်ထားမိခဲ့
နင့်ဆီက မြှားတွေ
(ထွက်ကျလာမယ်မထင်လို)့
ဒိုင်းကို အစကတည်းက မပြင်ခဲ့မိဘူး!
နေရာအနှံ့နာကျင်မှ
(သေခါနီးလူမမာ ဆေးကုသလိုမျိုး)
ငါ ဘာမှားခဲ့လို့လဲ တွေးနေမိတယ်!!!
ဘာပဲဖြစ်ဖြစ် ငါ့အပြစ်လိုပေါ့
မျက်နှာချင်းဆိုင်ရှိရက်နဲ့
ဓါးတစ်လက်စီဆောင်ထားခဲ့မိကြ
နောက်ကျောကို ဓါးနဲ့ထိုးမှာမျိုးထက်စာရင်
ရင်ဝကနေပဲ ထိုးသတ်လိုက်ပါ
(အရာရာကို ပြီးဆုံးစေချင်ပြီ)
ငါမသိတဲ့ နားမလည်တဲ့အရာကိုပဲ
အထပ်ထပ်တွေးနေရတာ ငြီးငွေ့လှပြီ
ငါ့ကို နင်နားမလည်ခဲ့တာအတွက်
ငါ ဘာများ လိုအပ်နေတာလဲလို့
တော်လောက်ပါပြီကွယ်
ငါ့မှာ အခါခါနာကျင်ရလွန်းလို့
ပင်ပမ်းလှပြီ
ဒီလောက်ဆို တော်လောက်ပါပြီ။
စကားလုံးတိုင်းကို
(သေချာဂရုတစိုက်နဲ့)
ချွန်ရှထက်မြနေအောင်သွေးပြီး
နင့်ကို စောင့်နေတယ်!
စကားလုံးတွေကို မြှားတွေလိုပဲ
ပြင်ထားမိခဲ့
နင့်ဆီက မြှားတွေ
(ထွက်ကျလာမယ်မထင်လို)့
ဒိုင်းကို အစကတည်းက မပြင်ခဲ့မိဘူး!
နေရာအနှံ့နာကျင်မှ
(သေခါနီးလူမမာ ဆေးကုသလိုမျိုး)
ငါ ဘာမှားခဲ့လို့လဲ တွေးနေမိတယ်!!!
ဘာပဲဖြစ်ဖြစ် ငါ့အပြစ်လိုပေါ့
မျက်နှာချင်းဆိုင်ရှိရက်နဲ့
ဓါးတစ်လက်စီဆောင်ထားခဲ့မိကြ
နောက်ကျောကို ဓါးနဲ့ထိုးမှာမျိုးထက်စာရင်
ရင်ဝကနေပဲ ထိုးသတ်လိုက်ပါ
(အရာရာကို ပြီးဆုံးစေချင်ပြီ)
ငါမသိတဲ့ နားမလည်တဲ့အရာကိုပဲ
အထပ်ထပ်တွေးနေရတာ ငြီးငွေ့လှပြီ
ငါ့ကို နင်နားမလည်ခဲ့တာအတွက်
ငါ ဘာများ လိုအပ်နေတာလဲလို့
တော်လောက်ပါပြီကွယ်
ငါ့မှာ အခါခါနာကျင်ရလွန်းလို့
ပင်ပမ်းလှပြီ
ဒီလောက်ဆို တော်လောက်ပါပြီ။
Friday, April 12, 2013
အထီးကျန်နွေညတွေ
အထီးကျန်နွေညတွေ
နင်မရှိတဲ့နွေညတွေဟာ
အထီးကျန်လွန်းတယ်...
သစ်ရွက်လေတိုးသံ တရှဲရှဲကိုတောင်မှ
'ချစ်'ဆိုတဲ့ခေါ်သံတွေလိုလို..
အိပ်မပျော်ဘူး!
(ယောင်ခြောက်ဆယ်နဲ့)
နင်မရှိတဲ့ အွန်လိုင်းပဲတက်ရမလိုလို
စာအုပ်တစ်အုပ်ပဲ အပျင်းပြေဖတ်ရမလိုလိုနဲ့
နင့်အကြောင်းတွေးရတာကပဲ
အကောင်းဆုံး အင်တာတိန်းမန့်ဖြစ်တယ်
နင်မရှိတဲ့နွေမှာမှ နွေညတွေဟာ
(ပိုပြီး )လွမ်းစရာကောင်းလာတယ်
အာခေါင်ခြစ် မအော်ပေမဲ့
(နင့်နာမည်တစ်ခုကိုတော့)
ရင်ထဲမှာ ဆူညံနေခဲ့
လွမ်းစရာ့နွေ...
နင်မရှိတဲ့နွေမှာ
ဒီတစ်ညလည်း
မိုးလင်းဦးမှာပါပဲ...
ခင်ငြိမ်းချမ်း
20 march 12:50am
နင်မရှိတဲ့နွေညတွေဟာ
အထီးကျန်လွန်းတယ်...
သစ်ရွက်လေတိုးသံ တရှဲရှဲကိုတောင်မှ
'ချစ်'ဆိုတဲ့ခေါ်သံတွေလိုလို..
အိပ်မပျော်ဘူး!
(ယောင်ခြောက်ဆယ်နဲ့)
နင်မရှိတဲ့ အွန်လိုင်းပဲတက်ရမလိုလို
စာအုပ်တစ်အုပ်ပဲ အပျင်းပြေဖတ်ရမလိုလိုနဲ့
နင့်အကြောင်းတွေးရတာကပဲ
အကောင်းဆုံး အင်တာတိန်းမန့်ဖြစ်တယ်
နင်မရှိတဲ့နွေမှာမှ နွေညတွေဟာ
(ပိုပြီး )လွမ်းစရာကောင်းလာတယ်
အာခေါင်ခြစ် မအော်ပေမဲ့
(နင့်နာမည်တစ်ခုကိုတော့)
ရင်ထဲမှာ ဆူညံနေခဲ့
လွမ်းစရာ့နွေ...
နင်မရှိတဲ့နွေမှာ
ဒီတစ်ညလည်း
မိုးလင်းဦးမှာပါပဲ...
ခင်ငြိမ်းချမ်း
20 march 12:50am
အသေကောင်သစ်ပင်
အသေကောင်သစ်ပင်
နင်က ငါ့ဆီမှာငြိတွယ်နေတယ်လို့
(ကိုယ့်ကိုကိုယ်)အထင်ကြီးလိုက်မိတာ
အမှန်ကတော့
ငါက နင့်ဆီမှာ နစ်မြှုပ်နေခဲ့ရ
(ကိုယ့်ဘ၀ကို မသိတတ်စွာနဲ့ပဲ)
လွတ်မြောက်ဖို့
အကြိမ်ကြိမ်အားထုတ်မိခဲ့
ကံကြမ္မာက ကိုယ်တိုင်မဟုတ်ခဲ့ဘူးဆိုရင်
ဒီဖဲကို ငါ ဘယ်ချိုးခဲ့ပါ့မလဲ
ခုတော့ နှစ်ယောက်တည်းကစားပွဲမှာ
ငါက ယောင်ချာချာနဲ့....
ရှုံးပါတယ် !!
အရှုံးဆိုတာကို ထပ်..ထပ်မပြောစမ်းပါနဲ့
အမှန်တရားဟာ နားခါးသလို
အရသာလည်း ခါးချင်ခါးမှာပေါ့
အမှန်တရားကို နင်ပဲဆုပ်ကိုင်ထားနိုင်ပါစေ!
နင့်မှာဆုံးရှုံးရသလို
ငါ့မှာလည်း ဆုံးရှုံးဖူးပါတယ်
အခုချိန်မှာ..နင်ကချစ်တဲ့ အချစ်ကိုမပြောနဲ့
ငါက ချစ်တဲ့အချစ်တောင် ခံစားလို့မရဘူး
ဘ၀ကလည်း ငါ့ကိုသတ်တယ်
နင်ကလည်း ငါ့စိတ်ကို အခါခါသတ်တယ်
ဘာပဲပြောပြော ကိုယ့်အသုဘကိုတော့
ကိုယ်ပြင်ဆင်ခဲ့ပါ့မယ်
ဒီတစ်နေ့လည်း လွန်ပြန်ပြီ
ငါကတော့ စကားတွေနဲ့ပိသေတဲ့သူ
"၀ါဆိုရေ..လွမ်းလိုက်တာ.."ဆိုတဲ့စကားကို
မျက်နှာမာမာနဲ့ ရင်ထဲမှာပဲပြောတတ်ခဲ့တာ
ရှိပါစေတော့...
ပျိုးကျဲဖို့ ထွက်ခဲ့တာမှမဟုတ်တာ
ဘာအပင်တွေပွင့်ပွင့်
ရိတ်သိမ်းလှီးဖြတ်ဖို့က အဓိကပဲမဟုတ်လား
ဒီအပင်မှာ ဘာရနံ့မှ မရှိမှတော့
နင် ခူးဆွတ်ဖို့
ငါ့ကိုယ်ငါ ပန်းလိုပြန်မပွင့်ပြတော့ပါဘူး
အချိန်တန်တော့လည်း
ကိုယ့်ကိုကိုယ် ကြွေပစ်လိုက်ရတာပဲ
ဒီတစ်နှစ်လည်း ထပ်လွန်သွားပြန်ပြီ
ပေတံတွေများတဲ့
ဒီအချစ်ရေးမှာ
ငါ တိုးတိတ်ငြိမ်သက်စွာနဲ့
ထပ်..ထပ်သေရပြန်တယ်.....။
(ခင်ငြိမ်းချမ်း)
7th April
နင်က ငါ့ဆီမှာငြိတွယ်နေတယ်လို့
(ကိုယ့်ကိုကိုယ်)အထင်ကြီးလိုက်မိတာ
အမှန်ကတော့
ငါက နင့်ဆီမှာ နစ်မြှုပ်နေခဲ့ရ
(ကိုယ့်ဘ၀ကို မသိတတ်စွာနဲ့ပဲ)
လွတ်မြောက်ဖို့
အကြိမ်ကြိမ်အားထုတ်မိခဲ့
ကံကြမ္မာက ကိုယ်တိုင်မဟုတ်ခဲ့ဘူးဆိုရင်
ဒီဖဲကို ငါ ဘယ်ချိုးခဲ့ပါ့မလဲ
ခုတော့ နှစ်ယောက်တည်းကစားပွဲမှာ
ငါက ယောင်ချာချာနဲ့....
ရှုံးပါတယ် !!
အရှုံးဆိုတာကို ထပ်..ထပ်မပြောစမ်းပါနဲ့
အမှန်တရားဟာ နားခါးသလို
အရသာလည်း ခါးချင်ခါးမှာပေါ့
အမှန်တရားကို နင်ပဲဆုပ်ကိုင်ထားနိုင်ပါစေ!
နင့်မှာဆုံးရှုံးရသလို
ငါ့မှာလည်း ဆုံးရှုံးဖူးပါတယ်
အခုချိန်မှာ..နင်ကချစ်တဲ့ အချစ်ကိုမပြောနဲ့
ငါက ချစ်တဲ့အချစ်တောင် ခံစားလို့မရဘူး
ဘ၀ကလည်း ငါ့ကိုသတ်တယ်
နင်ကလည်း ငါ့စိတ်ကို အခါခါသတ်တယ်
ဘာပဲပြောပြော ကိုယ့်အသုဘကိုတော့
ကိုယ်ပြင်ဆင်ခဲ့ပါ့မယ်
ဒီတစ်နေ့လည်း လွန်ပြန်ပြီ
ငါကတော့ စကားတွေနဲ့ပိသေတဲ့သူ
"၀ါဆိုရေ..လွမ်းလိုက်တာ.."ဆိုတဲ့စကားကို
မျက်နှာမာမာနဲ့ ရင်ထဲမှာပဲပြောတတ်ခဲ့တာ
ရှိပါစေတော့...
ပျိုးကျဲဖို့ ထွက်ခဲ့တာမှမဟုတ်တာ
ဘာအပင်တွေပွင့်ပွင့်
ရိတ်သိမ်းလှီးဖြတ်ဖို့က အဓိကပဲမဟုတ်လား
ဒီအပင်မှာ ဘာရနံ့မှ မရှိမှတော့
နင် ခူးဆွတ်ဖို့
ငါ့ကိုယ်ငါ ပန်းလိုပြန်မပွင့်ပြတော့ပါဘူး
အချိန်တန်တော့လည်း
ကိုယ့်ကိုကိုယ် ကြွေပစ်လိုက်ရတာပဲ
ဒီတစ်နှစ်လည်း ထပ်လွန်သွားပြန်ပြီ
ပေတံတွေများတဲ့
ဒီအချစ်ရေးမှာ
ငါ တိုးတိတ်ငြိမ်သက်စွာနဲ့
ထပ်..ထပ်သေရပြန်တယ်.....။
(ခင်ငြိမ်းချမ်း)
7th April
Saturday, March 30, 2013
နင်မရှိချင်မှတော့ ဘာမှအရေးမကြီးပါဘူး#
နင်မရှိချင်မှတော့ ဘာမှအရေးမကြီးပါဘူး#
နင့်မျက်နှာကို ငေးကြည့်နေမိတယ်
(မမြင်ဖူးတဲ့ တစ်စိမ်းတစ်ယောက်လို)
(ဘယ်လောက်ဖတ်ဖတ်)
ငါ အလွတ်မရသေးတဲ့ စာအုပ်တစ်အုပ်ပါပဲ
အချိန်တွေ ဘယ်လောက်ကြာကြာ
ငါဖတ်ရမဲ့စာအုပ်တစ်အုပ်ဖြစ်နေတုန်းပါပဲ...
ဆုံးရှုံးရခြင်းဆိုတာ
မသိလိုက်မသိဖာသာနဲ့
နင့်ဆီကနေ ငါ့ကိုဖယ်ထုတ်သွားတဲ့အရာ!!
နင့်ကို ငါ့ဆီကနေဆုံးရှုံးရခြင်းမှာ
အလုပ်ကြောင့်ဖြစ်တယ်
နှစ်ဖက်မိသားစုတွေကြောင့်ဖြစ်တယ်
မာန်မာနတွေကြောင့်ဖြစ်တယ်
သံသယတွေကြောင့်ဖြစ်တယ်
နင့်ရဲ့အတိတ်ကိုမကျေနပ်နိုင်တဲ့
ငါ့ရဲ့စိတ်ကြောင့်ဖြစ်တယ်!
နင်နဲ့ငါထက်
နင်နဲ့ငါရဲ့အချစ်ထက်
အရာအားလုံးက ပိုအရေးကြီးခဲ့လို့
ငါတို့မဆုံဆည်းခဲ့ရင်လည်း
ဘာမှ အရေးမကြီးတော့ပါဘူးလေ!
နင်မရှိချင်မှတော့
ဘာကို အရေးကြီးနေရဦးမှာလဲ။
နင့်မျက်နှာကို ငေးကြည့်နေမိတယ်
(မမြင်ဖူးတဲ့ တစ်စိမ်းတစ်ယောက်လို)
(ဘယ်လောက်ဖတ်ဖတ်)
ငါ အလွတ်မရသေးတဲ့ စာအုပ်တစ်အုပ်ပါပဲ
အချိန်တွေ ဘယ်လောက်ကြာကြာ
ငါဖတ်ရမဲ့စာအုပ်တစ်အုပ်ဖြစ်နေတုန်းပါပဲ...
ဆုံးရှုံးရခြင်းဆိုတာ
မသိလိုက်မသိဖာသာနဲ့
နင့်ဆီကနေ ငါ့ကိုဖယ်ထုတ်သွားတဲ့အရာ!!
နင့်ကို ငါ့ဆီကနေဆုံးရှုံးရခြင်းမှာ
အလုပ်ကြောင့်ဖြစ်တယ်
နှစ်ဖက်မိသားစုတွေကြောင့်ဖြစ်တယ်
မာန်မာနတွေကြောင့်ဖြစ်တယ်
သံသယတွေကြောင့်ဖြစ်တယ်
နင့်ရဲ့အတိတ်ကိုမကျေနပ်နိုင်တဲ့
ငါ့ရဲ့စိတ်ကြောင့်ဖြစ်တယ်!
နင်နဲ့ငါထက်
နင်နဲ့ငါရဲ့အချစ်ထက်
အရာအားလုံးက ပိုအရေးကြီးခဲ့လို့
ငါတို့မဆုံဆည်းခဲ့ရင်လည်း
ဘာမှ အရေးမကြီးတော့ပါဘူးလေ!
နင်မရှိချင်မှတော့
ဘာကို အရေးကြီးနေရဦးမှာလဲ။
ရွေ့သွားသော ဆက်ကြောင်း#
ရွေ့သွားသော ဆက်ကြောင်း#
ရည်းစားတစ်ယောက်ထားမိတာ
မအောင်မြင်လိုက်ပုံများ!!
ကိုယ့်မှာတော့
သူ့ရဲ့ ရပ်တည်မှုအတွက်
ပဲ့ကြွေပေးခဲ့ရ
ဒါက ထားပါ..
ငါ့စိတ်နဲ့ငါ့ကိုယ်
(နင့်အနားမှာနေခဲ့တဲ့အတွက်)
နင့်အပြစ်ချည်းပဲလို့
ငါအပြစ်ပုံမချတတ်ပါဘူး
ဒါကိုတော့ စိတ်ချလက်ချရှိပါ..
ချစ်ခြင်းတရားသီးသန့်ချည်းပဲထင်လို့
ဒီတောကို ငါဆက်လျှောက်ခဲ့တာပေါ့
နင် တစ်ကိုယ်တည်း ပြေးထွက်သွားတဲ့အခါ
ဘယ်လိုယုံကြည်မှုမျိုးနဲ့
ဘယ်နေရာအထိ ငါဆက်လျှောက်ရမလဲ
နင်နဲ့ငါရဲ့အချစ်က စိတ်ချမ်းသာမှုလို့..
တစ်ဘ၀လုံးအတွက် တွေးခဲ့တာ
အခုတော့ တစ်ဖက်က ဖဲ့ထွက်သွားမှတော့
ငါတစ်ယောက်တည်းကြေကွဲမပြတော့ဘူး
နာကျင်တာတွေများလွန်းရင်
ဘာမှမထူးဆန်းတော့ပါဘူး
သူများတကာပြောကြသလို
ဘ၀အကျိုးပေးလို့ပဲ
(နင့်အတ္တ..ငါ့အတ္တတွေကိုဖုံးကွယ်ရင်း)
ပြောလိုက်မယ်..
အိပ်မက်တွေ မက်ခဲ့ဖူးတာပဲ!
တစ်နေ့တော့
နင်နဲ့ငါက နှစ်ကိုယ့်တစ်စိတ်ဖြစ်မယ်လို့
နင့်ကိုတောင်
မသင်ကြားနိုင်မှတော့
ငါဟာ ဘယ်နေရာနေရမလဲဆိုတာ
(အယောင်ယောင်အမှားမှားနဲ့)
ပွဲပြီးမှ နောက်ဆုတ်မိတယ်!
ဒါဟာ ငါ့ရဲ့စိတ်မချမ်းသာမှုဆိုတာ သိရက်နဲ့
ကိုယ်ပိုင်အခွင့်အရေးလို့
နင်က အကြောင်းပြတယ်..
အဲဒီလောက်ထိဖြစ်လာပြီဆိုမှ
(နှစ်တွေဘယ်လောက်ကြာခဲ့...ကြာခဲ့)
ကိုယ်ဘယ်လောက်မအောင်မြင်ခဲ့လိုက်လဲဆိုတာ
သတိထားမိလိုက်တယ်
ကိုယ်ပိုင်ဆန္ဒတွေနဲ့ ထိစပ်ထားတဲ့အပိုင်းအစနှစ်ခု
အရွေ့မတူမှတော့
သူတစ်ခု ကိုယ်တစ်ခုဖြစ်ဖို့
ခွဲထုတ်ပစ်လိုက်ပါတော့ကွယ်..
ack
1:25am
31st March.13
ရည်းစားတစ်ယောက်ထားမိတာ
မအောင်မြင်လိုက်ပုံများ!!
ကိုယ့်မှာတော့
သူ့ရဲ့ ရပ်တည်မှုအတွက်
ပဲ့ကြွေပေးခဲ့ရ
ဒါက ထားပါ..
ငါ့စိတ်နဲ့ငါ့ကိုယ်
(နင့်အနားမှာနေခဲ့တဲ့အတွက်)
နင့်အပြစ်ချည်းပဲလို့
ငါအပြစ်ပုံမချတတ်ပါဘူး
ဒါကိုတော့ စိတ်ချလက်ချရှိပါ..
ချစ်ခြင်းတရားသီးသန့်ချည်းပဲထင်လို့
ဒီတောကို ငါဆက်လျှောက်ခဲ့တာပေါ့
နင် တစ်ကိုယ်တည်း ပြေးထွက်သွားတဲ့အခါ
ဘယ်လိုယုံကြည်မှုမျိုးနဲ့
ဘယ်နေရာအထိ ငါဆက်လျှောက်ရမလဲ
နင်နဲ့ငါရဲ့အချစ်က စိတ်ချမ်းသာမှုလို့..
တစ်ဘ၀လုံးအတွက် တွေးခဲ့တာ
အခုတော့ တစ်ဖက်က ဖဲ့ထွက်သွားမှတော့
ငါတစ်ယောက်တည်းကြေကွဲမပြတော့ဘူး
နာကျင်တာတွေများလွန်းရင်
ဘာမှမထူးဆန်းတော့ပါဘူး
သူများတကာပြောကြသလို
ဘ၀အကျိုးပေးလို့ပဲ
(နင့်အတ္တ..ငါ့အတ္တတွေကိုဖုံးကွယ်ရင်း)
ပြောလိုက်မယ်..
အိပ်မက်တွေ မက်ခဲ့ဖူးတာပဲ!
တစ်နေ့တော့
နင်နဲ့ငါက နှစ်ကိုယ့်တစ်စိတ်ဖြစ်မယ်လို့
နင့်ကိုတောင်
မသင်ကြားနိုင်မှတော့
ငါဟာ ဘယ်နေရာနေရမလဲဆိုတာ
(အယောင်ယောင်အမှားမှားနဲ့)
ပွဲပြီးမှ နောက်ဆုတ်မိတယ်!
ဒါဟာ ငါ့ရဲ့စိတ်မချမ်းသာမှုဆိုတာ သိရက်နဲ့
ကိုယ်ပိုင်အခွင့်အရေးလို့
နင်က အကြောင်းပြတယ်..
အဲဒီလောက်ထိဖြစ်လာပြီဆိုမှ
(နှစ်တွေဘယ်လောက်ကြာခဲ့...ကြာခဲ့)
ကိုယ်ဘယ်လောက်မအောင်မြင်ခဲ့လိုက်လဲဆိုတာ
သတိထားမိလိုက်တယ်
ကိုယ်ပိုင်ဆန္ဒတွေနဲ့ ထိစပ်ထားတဲ့အပိုင်းအစနှစ်ခု
အရွေ့မတူမှတော့
သူတစ်ခု ကိုယ်တစ်ခုဖြစ်ဖို့
ခွဲထုတ်ပစ်လိုက်ပါတော့ကွယ်..
ack
1:25am
31st March.13
Monday, March 18, 2013
#နင်မရှိတဲ့ ကမ္ဘာမှာ ငါမပျော်ပါဘူး#
#နင်မရှိတဲ့ ကမ္ဘာမှာ ငါမပျော်ပါဘူး#
နင်မရှိတဲ့ ကမ္ဘာမှာ
ငါမပျော်ပါဘူး ၀ါဆိုရယ်
နင်နဲ့တွေ့မှ ဘ၀ကို
အသစ်က ပြန်စခဲ့ရတာ
အဲဒီအမှတ်တရတွေဟာ
ငါအမြဲ ပြန်လှန်ကြည့်နေမဲ့
Album တစ်အုပ်လည်း ဖြစ်တယ်..
တို့နှစ်ယောက်ကြားက များပြားလှတဲ့
အမှတ်တရတွေအတွက်
နင့်ကို ကျေးဇူးတင်ပါတယ်
နင့်ကို သိပ်ချစ်တဲ့ငါ့ကိုလည်း
(နင်ကချစ်ခဲ့တဲ့အတွက်)
ငါက ပိုပြီး ကျေးဇူးထပ်တင်ရပြန်တယ်..
''မင်းမရှိတဲ့ မြို့တော်မှာ...
ကိုယ်ဟာ ထွက်ပေါက်တွေ့ရှိဖို့တော့# ခုမလွယ်ကူ
တွေးရင်းဆွေးပြန်တယ်# ''
သတိရတိုင်း သီချင်းညည်းဖြစ်တယ်..
ရုပ်ရှင်လက်မှတ်လေးတွေဟာ နင်ဖြစ်တယ်
အင်တာနက်ပေါ်က chat boxဟာ နင်ဖြစ်တယ်
ကော်ဖီဆိုင်ဟာ နင်ဖြစ်တယ်
facebook တစ်ခုလုံးဟာ ၀ါဆို ၀ါဆိုနဲ့..
နင့်ကို အဲဒီလောက်တောင်ချစ်မိခဲ့တယ်..
ချစ်တာနဲ့ကြိုက်တာ မတူသလို
သဘောမကျတာနဲ့ချစ်မိတာလည်း
မတူနိုင်ပါဘူး
နင့်ကို ငါသဘောမကျပါဘူး
ဒါပေမဲ့
နင့်ကို ငါချစ်မိတယ်...
သေချာတာကတော့
နင်မရှိတဲ့ ကမ္ဘာမှာ
ငါနေလည်း မပျော်လှပါဘူး...။
13rd March 2013
နင်မရှိတဲ့ ကမ္ဘာမှာ
ငါမပျော်ပါဘူး ၀ါဆိုရယ်
နင်နဲ့တွေ့မှ ဘ၀ကို
အသစ်က ပြန်စခဲ့ရတာ
အဲဒီအမှတ်တရတွေဟာ
ငါအမြဲ ပြန်လှန်ကြည့်နေမဲ့
Album တစ်အုပ်လည်း ဖြစ်တယ်..
တို့နှစ်ယောက်ကြားက များပြားလှတဲ့
အမှတ်တရတွေအတွက်
နင့်ကို ကျေးဇူးတင်ပါတယ်
နင့်ကို သိပ်ချစ်တဲ့ငါ့ကိုလည်း
(နင်ကချစ်ခဲ့တဲ့အတွက်)
ငါက ပိုပြီး ကျေးဇူးထပ်တင်ရပြန်တယ်..
''မင်းမရှိတဲ့ မြို့တော်မှာ...
ကိုယ်ဟာ ထွက်ပေါက်တွေ့ရှိဖို့တော့# ခုမလွယ်ကူ
တွေးရင်းဆွေးပြန်တယ်# ''
သတိရတိုင်း သီချင်းညည်းဖြစ်တယ်..
ရုပ်ရှင်လက်မှတ်လေးတွေဟာ နင်ဖြစ်တယ်
အင်တာနက်ပေါ်က chat boxဟာ နင်ဖြစ်တယ်
ကော်ဖီဆိုင်ဟာ နင်ဖြစ်တယ်
facebook တစ်ခုလုံးဟာ ၀ါဆို ၀ါဆိုနဲ့..
နင့်ကို အဲဒီလောက်တောင်ချစ်မိခဲ့တယ်..
ချစ်တာနဲ့ကြိုက်တာ မတူသလို
သဘောမကျတာနဲ့ချစ်မိတာလည်း
မတူနိုင်ပါဘူး
နင့်ကို ငါသဘောမကျပါဘူး
ဒါပေမဲ့
နင့်ကို ငါချစ်မိတယ်...
သေချာတာကတော့
နင်မရှိတဲ့ ကမ္ဘာမှာ
ငါနေလည်း မပျော်လှပါဘူး...။
13rd March 2013
နားလည်မှုဆိုတာ တည်ဆောက်ရတဲ့အရာ#
နားလည်မှုဆိုတာ တည်ဆောက်ရတဲ့အရာ
နင့်ကို ငါနားမလည်ဘူးလို့
နင်ထင်နေသေးရင်
အဲဒါကိုက နင်နားမလည်သေးဘူးပဲ~
နားလည်ပေးမဲ့သူကိုရှာချင်တာလား
နင့်ကိုတကယ်ချစ်တဲ့သူကို
ရှာချင်တာလား
အချစ်ဆိုတာ နားလည်မှုမဟုတ်ဘူး
နားလည်မှုဆိုတာကလည်း
တည်ဆောက်ရတဲ့အရာဖြစ်တယ်
(နင်ကိုယ်တိုင်)မတည်ဆောက်ဘဲနဲ့
နားလည်မှုဆိုတာကို
ရှာတွေ့လိမ့်မယ်မထင်ဘူး...
နင့်ကို ငါအမေးအမြန်းထူတာဟာ
စိတ်ပူလို့ဆိုတာ...
နင်ဘယ်ရောက်နေလဲသိချင်တာဟာ
သတိရလို့ဆိုတာ..
နင့်ကို သ၀န်တိုတာဟာ
(ချစ်လို့ဆိုတာကိုတောင်)
နင်နားမလည်သေးရင်
ငါကိုယ်တိုင်လည်း........
နင့်ကို ဘယ်နားလည်လိမ့်မလဲ...!
အေးချမ်းခိုင်
နင့်ကို ငါနားမလည်ဘူးလို့
နင်ထင်နေသေးရင်
အဲဒါကိုက နင်နားမလည်သေးဘူးပဲ~
နားလည်ပေးမဲ့သူကိုရှာချင်တာလား
နင့်ကိုတကယ်ချစ်တဲ့သူကို
ရှာချင်တာလား
အချစ်ဆိုတာ နားလည်မှုမဟုတ်ဘူး
နားလည်မှုဆိုတာကလည်း
တည်ဆောက်ရတဲ့အရာဖြစ်တယ်
(နင်ကိုယ်တိုင်)မတည်ဆောက်ဘဲနဲ့
နားလည်မှုဆိုတာကို
ရှာတွေ့လိမ့်မယ်မထင်ဘူး...
နင့်ကို ငါအမေးအမြန်းထူတာဟာ
စိတ်ပူလို့ဆိုတာ...
နင်ဘယ်ရောက်နေလဲသိချင်တာဟာ
သတိရလို့ဆိုတာ..
နင့်ကို သ၀န်တိုတာဟာ
(ချစ်လို့ဆိုတာကိုတောင်)
နင်နားမလည်သေးရင်
ငါကိုယ်တိုင်လည်း........
နင့်ကို ဘယ်နားလည်လိမ့်မလဲ...!
အေးချမ်းခိုင်
Friday, March 15, 2013
တို့နှစ်ယောက်အချစ်က လှပပါတယ်
တို့နှစ်ယောက်အချစ်က လှပပါတယ်#
တွေးနေမိတယ်
ငေးနေမိတယ်..
ဒါပေမဲ့ ငါမဆွေးပါဘူး..
ငါတို့နီးစပ်ရမဲ့အမှန်တရားကြောင့်
ဝေးကွာနေရပေမဲ့
နင့်အကြောင်း တွေးလို့ ငါပျော်တယ်
ငါတို့နှစ်ယောက်အကြောင်း တွေးလို့ ငါပျော်တယ်..
တခါတရံ သံသယတွေကို ဘေးဖယ်ထားပြီး
ငါ့စိတ်ကူးထဲကအတိုင်း
တွေးကြည့်မိတဲ့အခါ
နင်က ပိုချစ်ဖို့ကောင်းလာတယ်
နင့်နဲ့ငါနဲ့က (တစ်ယောက်ကိုတစ်ယောက်)
ချစ်နေကြတယ်
နီးစပ်ဖို့ နင်ကကြိုးစားနေတယ်
နီးစပ်ဖို့ ငါကလိမ္မာနေရတယ်
ဒီလိုလေး
ရိုးရိုးလေးပဲ ငါတွေးပါတယ်
နှစ်တွေ ဘယ်လောက်ကြာသွားလဲ
ငါစောင့်နေပါတယ်..
ရက်တွေ ဘယ်လောက်ကြာသွားလဲ
ငါစောင့်နေပါတယ်..
ဘယ်သူ့ဆီရောက်သွားမလဲ
ငါ..ဆက်စောင့်နေပါတယ်..
နင်ပြောတဲ့ နီးစပ်မဲ့တစ်နေ့ကိုပေါ့..
တို့နှစ်ယောက်ရဲ့ချစ်ခြင်းဟာ
လှပတယ်ဆိုတာကိုတော့
(နင်မပြောနိုင်လဲ)
ငါပြောနိုင်ရမယ်လေ...။
ခင်ငြိမ်းချမ်း
တွေးနေမိတယ်
ငေးနေမိတယ်..
ဒါပေမဲ့ ငါမဆွေးပါဘူး..
ငါတို့နီးစပ်ရမဲ့အမှန်တရားကြောင့်
ဝေးကွာနေရပေမဲ့
နင့်အကြောင်း တွေးလို့ ငါပျော်တယ်
ငါတို့နှစ်ယောက်အကြောင်း တွေးလို့ ငါပျော်တယ်..
တခါတရံ သံသယတွေကို ဘေးဖယ်ထားပြီး
ငါ့စိတ်ကူးထဲကအတိုင်း
တွေးကြည့်မိတဲ့အခါ
နင်က ပိုချစ်ဖို့ကောင်းလာတယ်
နင့်နဲ့ငါနဲ့က (တစ်ယောက်ကိုတစ်ယောက်)
ချစ်နေကြတယ်
နီးစပ်ဖို့ နင်ကကြိုးစားနေတယ်
နီးစပ်ဖို့ ငါကလိမ္မာနေရတယ်
ဒီလိုလေး
ရိုးရိုးလေးပဲ ငါတွေးပါတယ်
နှစ်တွေ ဘယ်လောက်ကြာသွားလဲ
ငါစောင့်နေပါတယ်..
ရက်တွေ ဘယ်လောက်ကြာသွားလဲ
ငါစောင့်နေပါတယ်..
ဘယ်သူ့ဆီရောက်သွားမလဲ
ငါ..ဆက်စောင့်နေပါတယ်..
နင်ပြောတဲ့ နီးစပ်မဲ့တစ်နေ့ကိုပေါ့..
တို့နှစ်ယောက်ရဲ့ချစ်ခြင်းဟာ
လှပတယ်ဆိုတာကိုတော့
(နင်မပြောနိုင်လဲ)
ငါပြောနိုင်ရမယ်လေ...။
ခင်ငြိမ်းချမ်း
Wednesday, March 13, 2013
Dream(1)
အိပ်မက်(၁)
(၁)
မည်သို့ဖြစ်သည်မသိ။
အိပ်မက်ထဲတွင် သူသည် Spider Man ဖြစ်သည်။
လူစွမ်းကောင်းများစုဝေးရန်ခေါ်သောကြောင့် ဒီမြို့လေးကို သူရောက်ခဲ့သည်။
အန္တရာယ်များကိုရင်ဆိုင်ဖြေရှင်းနိုင်ကြောင်း၊ဘယ်လောက်တော်ကြောင်းစသည်ဖြင့် ကိုယ်ရည်ကိုယ်သွေးမဟာစးပါအစွမ်းအစများကိုအသီးသီး ပြသကြသည်။
သူကတော့အခြားလူစွမ်းကောင်းများလိုမဟုတ်၊အခုန်အပျံအကျော်အလွှား ၀ါသနာပါသည်။ဒီလောက်ဘဲ အစွမ်းပြဖြစ်သည်။
စပိုက်ဒါမန်းတော်မတော် သိပ်အစွမ်းပြရန်မလိုပါ
ရုပ်ရှင်ထဲတွင်ကြည့်ဟုသာပြောရန်ရှိသည်မဟုတ်ပါလား။
ကိုယ့်ကိုကိုယ်စွမ်းလှချည်ရဲ့ထင်နေရာ ဒီနေရာရောက်မှ ကိုယ့်ကိုကိုယ် စပိုက်ဒါမန်းဖြစ်နေမှန်းသိတော့သည်။
သူတို့ကလည်း စပိုက်ဒါမန်းဟုခေါ်ကြသည်။
ဒါကြောင့်သူသည် စပိုက်ဒါမန်းဖြစ်ကြောင်း ကိုယ့်ကိုကိုယ် လက်ခံလိုက်ရတော့သည်။
(အော်..ဒါကြောင့် ကိုယ့်ကိုကိုယ်တော်လှချည်ရဲ့ မှတ်နေတာကိုး)
(၂)
ထုံးစံအတိုင်း ရန်များကိုဖြေရှင်းအပြီး အဲဒီကောင်မလေးကိုစတွေ့သည်။
သူတို့သည် သူငယ်ချင်း၃ယောက်ရှိသည်။ဖြူ၊၀ါနှင့်ကောင်မလေးဖြစ်သည်။
အကျီင်္ဆိုင်ဖွင့်ထားသည်။ခေတ်အခြေအနေအရဖြစ်ဟန်တူသည်။
မိန်းကလေး၃ယောက်ဖွင့်ထားသောကြောင့် ၃ယောက်၃မျိုးဖြစ်သည်။
တစ်ယောက်ကိုကိစ္စတစ်မျိုးစီနှင့်သုံးယောက်ပတ်ချာလည်မအားဖြစ်နေကုန်၏။
တစ်နေ့ကောင်မလေးမရှိခိုက် ဆိုင်မှာ သူငယ်ချင်းမနှစ်ယောက် အလုပ်ရှုပ်နေ သည် ကိုမယောင်မလည်လုပ်ရင်း လှမ်းမြင်လိုက်ရသည်။
(သူလည်း ကောင်မလေးရှိမရှိ လာကြည့်ရင်း ယောက်ကျားလေးပီပီ စပ်စုခဲ့တာဖြစ်သည်)
အန္တရာယ်ကလည်း အဲဒီအနားရောက်မှ ရောက်လာသည်။
ကျွန်တော်က အသင့်ရှိနေသောကြောင့် အူကြောင်ကြောင်နဲ့ဓါးပြလာတိုက်သောငနဲများကိုခပ်လွယ်လွယ်ပဲ ဖြေရှင်းပေးလိုက်သည်။(ဒါလေးများ ဘာခက်တာလိုက်လို့)
“ဖြူ”ဆိုသောတစ်ယောက်က လက်စွပ်ချွတ်ပေးပြီး(ဘာကြောင့်မှန်းမသိ) ကျေးဇူးဆပ်တယ်ဟု တိုးတိုးတိတ်တိတ်လာ ပြောသည်။
ကျွန်တော်က ရိုင်းရာကျမှာစိုးသောကြောင့် အူကြောင်ကြောင်နှင့်လက်ခံလိုက်သည်။
(၃)
ကောင်မလေးနှင့်ပတ်သက်ပြီး ကျွန်တော်သိချင်သော အချက်အလက်များကို သူ့သူငယ်ချင်းမတစ်ယောက်က အင်ဖော်မေးရှင်းအပြည့်အစုံပေးသည့်အပြင်
ကောင်မလေးကို အမြဲကူညီတတ်တာကြောင့်
ကျွန်တော်က လက်ဆောင်ရထားတဲ့လက်စွပ်နဲ့
ကျေးဇူးပြန်ဆပ်လိုက်သည်။(ဘဲစားဘဲခြေပေါ့နော့..:D)
ဟို“၀ါ”တစ်ယောက်ကလည်း မိန်းမပီပီ မြင်ဖူးသလိုရှိနေတဲ့လက်စွပ်ကို
“အားနာလိုက်တာ”ဟုပြောပြီး ယူထားလိုက်သည်။
ကဲ ပြောသားပဲ..သူ့ဟာသူဖြေရှင်းကြမှာပါလို့။
(၄)
ကျွန်တော်နဲ့ကောင်မလေး သမီးရည်းစားဖြစ်ကြသည်။
ကျွန်တော်နဲ့ဇာတ်သိမ်းခန်းမှာပေါင်းကြမည်။
အဲဒီကာလတွေက ပျော်ရွှင်စရာကောင်းလှသည်။
ကိုယ့်ကိုကိုယ် စပိုက်ဒါမန်းဆိုတာတောင် မေ့သွားသည်။
(လက်စွပ်ပေးထားတဲ့ကျေးဇူးတွေလည်း ပါတာပေါ့ဗျာ)
တစ်ရက် ကောင်မလေးနဲ့ လက်ထပ်ပေးမည်ဆိုသော လူတစ်ယောက်ပေါ်လာသည်။
ကျွန်တော်ကတော့ ခပ်အေးအေးပါပဲ။သိပ်စိတ်မပူလှပါဘူး။
ကောင်မလေးက ကျွန်တော့်ကိုပဲလက်ထပ်မှာဆိုတာ အသေအချာသိထားလို့ပေါ့။
ဘာကြောင့်လဲဆိုတော့ ကောင်မလေးကို တွေ့စကတည်းက ကျွန်တော်အိပ်မက်တစ်ခု ညတိုင်းလိုလိုမက်သည်။
(ကောင်မလေးနဲ့ကျွန်တော်လက်ထပ်ကြတာကို အသေးစိတ်ကအစ မှတ်မိနေသည်။)
(၅)
သိပ်မကြာပါဘူး။
ကောင်မလေးကပြောလာသည်။
ဟိုလူနှင့်လက်ထပ်တော့မည်တဲ့။
ကျွန်တော့်ခံစားချက်ကို ပြောမပြတတ်အောင်ပါပဲ။
ကျွန်တော် ဘာမှမပြောလိုက်ဘူး။မတားဖြစ်လိုက်ဘူး။
ဒီလိုနဲ့ လက်ထပ်မဲ့ရက်ကို ခပ်မြန်မြန်ပဲရောက်လာခဲ့တယ်။
(၆)
သူ့သူငယ်ချင်းတွေနဲ့ ကောင်မလေး အလှပြင်နေတယ်။
စိတ်လှုပ်ရှားနေတဲ့ မျက်နှာလေးကိုတောင် အလှတွေကူပြင်ပေးလိုက်ချင်တယ်။(ပိုပြင်လည်း သူလှပြီးသားဆိုတာ ကျွန်တော်သိပါတယ်)။
အဲဒီအချိန်ခဏလေးအတွင်းမှာ ကျွန်တော်သိလိုက်ရတာတစ်ခုက
“၀ါ”ဆိုသောကောင်မလေးနဲ့ ကောင်မလေးနဲ့လက်ထပ်မဲ့သူက ဇာတ်လမ်းရှိဖူးတယ်လို့ “ဖြူ”က ပြောလာသည်။
ဒါကို ကောင်မလေး သိတယ်လို့ပြောသည်။
သူတို့၃ယောက်ကတော့ ဘာမှမဖြစ်သလို ချစ်ချစ်ခင်ခင်ရယ်ရယ်မောမောပါပဲ။
မိန်းမတွေသဘော တကယ်အံ့သြဖို့ကောင်းပါတယ်ဗျာ။
(၇)
မင်္ဂလာပွဲကျင်းပမဲ့ဘုရားကျောင်းနဲ့ အိမ်က ၃အိမ်ကျော်လောက်တင်ဆိုတော့
လမ်းလျှောက်သွားကြရသည်။
ကျွန်တော် ရှေ့ဆုံးကပဲ လျှောက်လာမိသည်။နောက်ကို လှည့်မကြည့်ဖြစ်ဘူး။
ဒါပေမဲ့ ကျွန်တော်သိပါတယ်။
ကျွန်တော် မက်နေကျ အိပ်မက်ထဲကအတိုင်းပါပဲ။
ကောင်မလေးက ကျွန်တော့်ကိုလိုက်ခေါ်မယ်။
ကွှန်တော်နဲ့မခွဲနိုင်ဘူး။မစွန့်လွှတ်နိုင်ဘူးဆိုတာ ကျွန်တော်မက်နေကျ အိပ်မက်အတိုင်း သူလာပြောလိမ့်မယ် ဆိုတာပါပဲ။
(အိပ်မက်ထဲမှာ ကျွန်တော်မြင်ဖူးနေကျ ဟိုလူကလည်း ဘာမှမတတ်နိုင်ဘဲ
လက်လျှော့သွားလိမ့်မယ်ဆိုတာ)
ကျွန်တော် သိပြီးသားပါပဲ။
ကျွန်တော် ကောင်မလေးကို သိပ်ချစ်တယ်လေ။
(၈)
ကျွန်တော် ဘယ်လောက်တောင် လျှောက်မိနေမှန်း မသိဘူး။
ကောင်မလေးက ရှေ့ကနေ လာခေါ်တယ်။
ကလေးလေးတစ်ယောက်ကိုချီလို့၊ဟိုလူက ဘေးကပါလို့။
ကျွန်တော် “ဟာ”ခနဲဖြစ်သွားတယ်။
ရင်ဘတ်ထဲကတောင် အောင့်လာတယ်။
ကျွန်တော်ထင်ထားသလို ဖြစ်မလာဘူးလား။
ကျွန်တော် ယုံကြည်ထားတဲ့အမှန်တရားက ကျွန်တော့်ကို ရူးသွပ်သွားစေတယ်။
အမှန်ဆို အခါခါမက်နေကျဒီအိပ်မက်ဟာ ကောင်မလေးက ကျွန်တော့်ကိုလာပြန်ခေါ်ပြီး ကျွန်တော့်ကိုပဲ လက်ထပ်ရမှာလေ။
ကျွန်တော်...ကောင်မလေးကိုမခေါ်ဘူး။
လှည့်ထွက်လာခဲ့တယ်။ဆောက်တည်ရာမရပါပဲ။
ကျွန်တော် အဝေးဆုံးထိ။
(၉)
ဒီနေ့ လူစွမ်းကောင်းတွေ မြို့ကလေးမှာ ပြန်ဆုံကြတယ်။
တစ်ယောက်တစ်မျိုးအစွမ်းအစတွေပြရင်းနဲ့ တစ်မြို့လုံး စည်စည်ကားကားပါပဲ။
လူစွမ်းကောင်းတွေထဲ စပိုက်ဒါမန်းတစ်ယောက်ပါမလာတော့ဘူးဆိုတာ...။
(၁၀)
မြို့ကလူတွေ တီးတိုးတီးတိုးနဲ့ ပြောနေကြသည်။
အချစ်ဇာတ်လမ်းတစ်ပုဒ်ရဲ့ အဆုံးအသတ်ကို..။
စပိုက်ဒါမန်းမသိသွားတာတစ်ခုတော့ရှိလေရဲ့..။
ကောင်မလေးနှင့်လက်ထပ်လိုက်သူသည် မျှော်မှန်းမရနိုင်အောင် ချမ်းသာကြွယ်ဝသည် ဆိုတာကိုပါပဲ။
(၁၁)
အချစ်ဆိုသည်မှာ အရာအားလုံးကို လှည့်စားတတ်သည်။
ယခုခေတ် အချစ်သည် ယုံကြည်ထားတဲ့အိပ်မက်တွေ၊အမှန်တရားတွေကိုတောင်
ပြောင်းလဲနိုင်စွမ်းရှိတာဆိုတာကို......။
ခင်ငြိမ်းချမ်း
(ပေါက်တတ်ကရမက်သော အိပ်မက်တစ်ခုကို ဆီလျော်အောင်ရေးသည်။
သည်းခံဖတ်ကြပါကုန်)
(၁)
မည်သို့ဖြစ်သည်မသိ။
အိပ်မက်ထဲတွင် သူသည် Spider Man ဖြစ်သည်။
လူစွမ်းကောင်းများစုဝေးရန်ခေါ်သောကြောင့် ဒီမြို့လေးကို သူရောက်ခဲ့သည်။
အန္တရာယ်များကိုရင်ဆိုင်ဖြေရှင်းနိုင်ကြောင်း၊ဘယ်လောက်တော်ကြောင်းစသည်ဖြင့် ကိုယ်ရည်ကိုယ်သွေးမဟာစးပါအစွမ်းအစများကိုအသီးသီး ပြသကြသည်။
သူကတော့အခြားလူစွမ်းကောင်းများလိုမဟုတ်၊အခုန်အပျံအကျော်အလွှား ၀ါသနာပါသည်။ဒီလောက်ဘဲ အစွမ်းပြဖြစ်သည်။
စပိုက်ဒါမန်းတော်မတော် သိပ်အစွမ်းပြရန်မလိုပါ
ရုပ်ရှင်ထဲတွင်ကြည့်ဟုသာပြောရန်ရှိသည်မဟုတ်ပါလား။
ကိုယ့်ကိုကိုယ်စွမ်းလှချည်ရဲ့ထင်နေရာ ဒီနေရာရောက်မှ ကိုယ့်ကိုကိုယ် စပိုက်ဒါမန်းဖြစ်နေမှန်းသိတော့သည်။
သူတို့ကလည်း စပိုက်ဒါမန်းဟုခေါ်ကြသည်။
ဒါကြောင့်သူသည် စပိုက်ဒါမန်းဖြစ်ကြောင်း ကိုယ့်ကိုကိုယ် လက်ခံလိုက်ရတော့သည်။
(အော်..ဒါကြောင့် ကိုယ့်ကိုကိုယ်တော်လှချည်ရဲ့ မှတ်နေတာကိုး)
(၂)
ထုံးစံအတိုင်း ရန်များကိုဖြေရှင်းအပြီး အဲဒီကောင်မလေးကိုစတွေ့သည်။
သူတို့သည် သူငယ်ချင်း၃ယောက်ရှိသည်။ဖြူ၊၀ါနှင့်ကောင်မလေးဖြစ်သည်။
အကျီင်္ဆိုင်ဖွင့်ထားသည်။ခေတ်အခြေအနေအရဖြစ်ဟန်တူသည်။
မိန်းကလေး၃ယောက်ဖွင့်ထားသောကြောင့် ၃ယောက်၃မျိုးဖြစ်သည်။
တစ်ယောက်ကိုကိစ္စတစ်မျိုးစီနှင့်သုံးယောက်ပတ်ချာလည်မအားဖြစ်နေကုန်၏။
တစ်နေ့ကောင်မလေးမရှိခိုက် ဆိုင်မှာ သူငယ်ချင်းမနှစ်ယောက် အလုပ်ရှုပ်နေ သည် ကိုမယောင်မလည်လုပ်ရင်း လှမ်းမြင်လိုက်ရသည်။
(သူလည်း ကောင်မလေးရှိမရှိ လာကြည့်ရင်း ယောက်ကျားလေးပီပီ စပ်စုခဲ့တာဖြစ်သည်)
အန္တရာယ်ကလည်း အဲဒီအနားရောက်မှ ရောက်လာသည်။
ကျွန်တော်က အသင့်ရှိနေသောကြောင့် အူကြောင်ကြောင်နဲ့ဓါးပြလာတိုက်သောငနဲများကိုခပ်လွယ်လွယ်ပဲ ဖြေရှင်းပေးလိုက်သည်။(ဒါလေးများ ဘာခက်တာလိုက်လို့)
“ဖြူ”ဆိုသောတစ်ယောက်က လက်စွပ်ချွတ်ပေးပြီး(ဘာကြောင့်မှန်းမသိ) ကျေးဇူးဆပ်တယ်ဟု တိုးတိုးတိတ်တိတ်လာ ပြောသည်။
ကျွန်တော်က ရိုင်းရာကျမှာစိုးသောကြောင့် အူကြောင်ကြောင်နှင့်လက်ခံလိုက်သည်။
(၃)
ကောင်မလေးနှင့်ပတ်သက်ပြီး ကျွန်တော်သိချင်သော အချက်အလက်များကို သူ့သူငယ်ချင်းမတစ်ယောက်က အင်ဖော်မေးရှင်းအပြည့်အစုံပေးသည့်အပြင်
ကောင်မလေးကို အမြဲကူညီတတ်တာကြောင့်
ကျွန်တော်က လက်ဆောင်ရထားတဲ့လက်စွပ်နဲ့
ကျေးဇူးပြန်ဆပ်လိုက်သည်။(ဘဲစားဘဲခြေပေါ့နော့..:D)
ဟို“၀ါ”တစ်ယောက်ကလည်း မိန်းမပီပီ မြင်ဖူးသလိုရှိနေတဲ့လက်စွပ်ကို
“အားနာလိုက်တာ”ဟုပြောပြီး ယူထားလိုက်သည်။
ကဲ ပြောသားပဲ..သူ့ဟာသူဖြေရှင်းကြမှာပါလို့။
(၄)
ကျွန်တော်နဲ့ကောင်မလေး သမီးရည်းစားဖြစ်ကြသည်။
ကျွန်တော်နဲ့ဇာတ်သိမ်းခန်းမှာပေါင်းကြမည်။
အဲဒီကာလတွေက ပျော်ရွှင်စရာကောင်းလှသည်။
ကိုယ့်ကိုကိုယ် စပိုက်ဒါမန်းဆိုတာတောင် မေ့သွားသည်။
(လက်စွပ်ပေးထားတဲ့ကျေးဇူးတွေလည်း ပါတာပေါ့ဗျာ)
တစ်ရက် ကောင်မလေးနဲ့ လက်ထပ်ပေးမည်ဆိုသော လူတစ်ယောက်ပေါ်လာသည်။
ကျွန်တော်ကတော့ ခပ်အေးအေးပါပဲ။သိပ်စိတ်မပူလှပါဘူး။
ကောင်မလေးက ကျွန်တော့်ကိုပဲလက်ထပ်မှာဆိုတာ အသေအချာသိထားလို့ပေါ့။
ဘာကြောင့်လဲဆိုတော့ ကောင်မလေးကို တွေ့စကတည်းက ကျွန်တော်အိပ်မက်တစ်ခု ညတိုင်းလိုလိုမက်သည်။
(ကောင်မလေးနဲ့ကျွန်တော်လက်ထပ်ကြတာကို အသေးစိတ်ကအစ မှတ်မိနေသည်။)
(၅)
သိပ်မကြာပါဘူး။
ကောင်မလေးကပြောလာသည်။
ဟိုလူနှင့်လက်ထပ်တော့မည်တဲ့။
ကျွန်တော့်ခံစားချက်ကို ပြောမပြတတ်အောင်ပါပဲ။
ကျွန်တော် ဘာမှမပြောလိုက်ဘူး။မတားဖြစ်လိုက်ဘူး။
ဒီလိုနဲ့ လက်ထပ်မဲ့ရက်ကို ခပ်မြန်မြန်ပဲရောက်လာခဲ့တယ်။
(၆)
သူ့သူငယ်ချင်းတွေနဲ့ ကောင်မလေး အလှပြင်နေတယ်။
စိတ်လှုပ်ရှားနေတဲ့ မျက်နှာလေးကိုတောင် အလှတွေကူပြင်ပေးလိုက်ချင်တယ်။(ပိုပြင်လည်း သူလှပြီးသားဆိုတာ ကျွန်တော်သိပါတယ်)။
အဲဒီအချိန်ခဏလေးအတွင်းမှာ ကျွန်တော်သိလိုက်ရတာတစ်ခုက
“၀ါ”ဆိုသောကောင်မလေးနဲ့ ကောင်မလေးနဲ့လက်ထပ်မဲ့သူက ဇာတ်လမ်းရှိဖူးတယ်လို့ “ဖြူ”က ပြောလာသည်။
ဒါကို ကောင်မလေး သိတယ်လို့ပြောသည်။
သူတို့၃ယောက်ကတော့ ဘာမှမဖြစ်သလို ချစ်ချစ်ခင်ခင်ရယ်ရယ်မောမောပါပဲ။
မိန်းမတွေသဘော တကယ်အံ့သြဖို့ကောင်းပါတယ်ဗျာ။
(၇)
မင်္ဂလာပွဲကျင်းပမဲ့ဘုရားကျောင်းနဲ့ အိမ်က ၃အိမ်ကျော်လောက်တင်ဆိုတော့
လမ်းလျှောက်သွားကြရသည်။
ကျွန်တော် ရှေ့ဆုံးကပဲ လျှောက်လာမိသည်။နောက်ကို လှည့်မကြည့်ဖြစ်ဘူး။
ဒါပေမဲ့ ကျွန်တော်သိပါတယ်။
ကျွန်တော် မက်နေကျ အိပ်မက်ထဲကအတိုင်းပါပဲ။
ကောင်မလေးက ကျွန်တော့်ကိုလိုက်ခေါ်မယ်။
ကွှန်တော်နဲ့မခွဲနိုင်ဘူး။မစွန့်လွှတ်နိုင်ဘူးဆိုတာ ကျွန်တော်မက်နေကျ အိပ်မက်အတိုင်း သူလာပြောလိမ့်မယ် ဆိုတာပါပဲ။
(အိပ်မက်ထဲမှာ ကျွန်တော်မြင်ဖူးနေကျ ဟိုလူကလည်း ဘာမှမတတ်နိုင်ဘဲ
လက်လျှော့သွားလိမ့်မယ်ဆိုတာ)
ကျွန်တော် သိပြီးသားပါပဲ။
ကျွန်တော် ကောင်မလေးကို သိပ်ချစ်တယ်လေ။
(၈)
ကျွန်တော် ဘယ်လောက်တောင် လျှောက်မိနေမှန်း မသိဘူး။
ကောင်မလေးက ရှေ့ကနေ လာခေါ်တယ်။
ကလေးလေးတစ်ယောက်ကိုချီလို့၊ဟိုလူက ဘေးကပါလို့။
ကျွန်တော် “ဟာ”ခနဲဖြစ်သွားတယ်။
ရင်ဘတ်ထဲကတောင် အောင့်လာတယ်။
ကျွန်တော်ထင်ထားသလို ဖြစ်မလာဘူးလား။
ကျွန်တော် ယုံကြည်ထားတဲ့အမှန်တရားက ကျွန်တော့်ကို ရူးသွပ်သွားစေတယ်။
အမှန်ဆို အခါခါမက်နေကျဒီအိပ်မက်ဟာ ကောင်မလေးက ကျွန်တော့်ကိုလာပြန်ခေါ်ပြီး ကျွန်တော့်ကိုပဲ လက်ထပ်ရမှာလေ။
ကျွန်တော်...ကောင်မလေးကိုမခေါ်ဘူး။
လှည့်ထွက်လာခဲ့တယ်။ဆောက်တည်ရာမရပါပဲ။
ကျွန်တော် အဝေးဆုံးထိ။
(၉)
ဒီနေ့ လူစွမ်းကောင်းတွေ မြို့ကလေးမှာ ပြန်ဆုံကြတယ်။
တစ်ယောက်တစ်မျိုးအစွမ်းအစတွေပြရင်းနဲ့ တစ်မြို့လုံး စည်စည်ကားကားပါပဲ။
လူစွမ်းကောင်းတွေထဲ စပိုက်ဒါမန်းတစ်ယောက်ပါမလာတော့ဘူးဆိုတာ...။
(၁၀)
မြို့ကလူတွေ တီးတိုးတီးတိုးနဲ့ ပြောနေကြသည်။
အချစ်ဇာတ်လမ်းတစ်ပုဒ်ရဲ့ အဆုံးအသတ်ကို..။
စပိုက်ဒါမန်းမသိသွားတာတစ်ခုတော့ရှိလေရဲ့..။
ကောင်မလေးနှင့်လက်ထပ်လိုက်သူသည် မျှော်မှန်းမရနိုင်အောင် ချမ်းသာကြွယ်ဝသည် ဆိုတာကိုပါပဲ။
(၁၁)
အချစ်ဆိုသည်မှာ အရာအားလုံးကို လှည့်စားတတ်သည်။
ယခုခေတ် အချစ်သည် ယုံကြည်ထားတဲ့အိပ်မက်တွေ၊အမှန်တရားတွေကိုတောင်
ပြောင်းလဲနိုင်စွမ်းရှိတာဆိုတာကို......။
ခင်ငြိမ်းချမ်း
(ပေါက်တတ်ကရမက်သော အိပ်မက်တစ်ခုကို ဆီလျော်အောင်ရေးသည်။
သည်းခံဖတ်ကြပါကုန်)
Subscribe to:
Posts (Atom)
ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား
ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား " ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ သူ့အတွက် လွယ်ကူပေမယ့် ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရင်ဆိုင်...
-
အတူရှိဖူးတဲ့အချိန်တွေကို လွမ်းလို့ လက်ကိုင်ဖုန်းထဲက ပုံဟောင်းလေးတွေ ပြန်ကြည့်နေမိတယ် အချစ်လို့...... တစ်ယောက်နဲ့တစ်ယောက် အပြန်အလ...
-
ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား " ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ သူ့အတွက် လွယ်ကူပေမယ့် ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရင်ဆိုင်...

.jpg)
















