Sunday, December 15, 2013

နင့်စိတ်နဲ့ပဲ ရပ်တည်လည်ပတ်တယ်

နင်မရှိရင်ကို မဖြစ်တာဟာ တင်ဇာမော်ပြောတဲ့ 'စွဲလမ်းမှုပြသနာ'မျိုးလား (နင်ဖြူစင်စေဖို့) ငါ့ကိုယ်ငါပဲ ခဝါချလိုက်တယ် ဟောဒီဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ် (အလျင်စလိုနဲ့) သောက်နေမိ ဒီဆေးလိပ်တစ်ဘူးကုန်ရင်ပဲ အဖြေရှာတွေ့တော့မယ့်ပုံစံမျိုး နင်နဲ့ပတ်သက်ရင် အစွန်းမရောက်ဖို့ နင်ကိုယ်တိုင်ကတောင် ပြောယူရတဲ့ဘဝ ချိုသလား ခါးသလားတော့ သိပ်မပြောတတ်ဘူး နည်းနည်းဆို များများအားငယ်တတ်တယ် တစ်ယောက်ဘဝထဲ တစ်ယောက် မျှော်လင့်ချက်တွေနဲ့ လိမ်ယှက်စည်းထိုးထားခဲ့တယ် ဒီဘဝထဲမှာပဲ ငါတို့နှစ်ယောက်ရဲ့ ဘဝရှိတယ် သတိမရဘူး... နင်မရှိခင် နေ့ရက်တွေကို မနေတတ်တော့ဘူး... နင်မရှိတဲ့နေ့ရက်တွေကို... တစ်ကမ္ဘာလုံးကို ထမ်းပိုးထားရသလို နှလုံးသားတစ်ခုလုံး လေးလံတယ် ချစ်ခြင်းမေတ္တာကို လေလိုအရာလို့ ပြောနေသူတွေ ရူးနေလို့ပဲဖြစ်မယ် လာပါ အချစ်လို့ အနားခေါ်ထားရမလား (ခပ်ဝေးဝေးမှာ) ကိုယ်ကပဲ သွားနေရမလားဆိုတာကို တွေးရင်း တစ်နေ့ပြီး တစ်နေ့ မိုးလင်းတယ်... အချစ်မရှိဘဲ ရပ်တည်နိုင်တဲ့အတန်းမှာ ကိုယ်က မူလတန်းပါ ဘဝကို ဘယ်လိုပြောပြော နင့်စိတ်နဲ့ သွားလာလည်ပတ်နေရတဲ့အဖြစ်ကို ငါလည်း (နည်းနည်းတော့) ငြီးငွေ့တာပေါ့ကွယ် (ခင်ငြိမ်းချမ်း)

No comments:

Post a Comment

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား " ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ သူ့အတွက် လွယ်ကူပေမယ့် ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရင်ဆိုင်...