တစ်နေ့ပြီး တစ်နေ့ လျှောက်လှမ်းရ
ဘဝရဲ့ အရသာဆိုတာလူအဖြစ် လာဒုက္ခခံခြင်းမျိုးလားလို့
ရှိဒုက္ခ မရှိဒုက္ခတွေနဲ့
ဒေါသဖြစ်လိုက်
ပျော်ရွှင်ကြည်နူးလိုက်ရနဲ့
လူ အကြိမ်ကြိမ်ပီသခဲ့ရ
ဘဝဆိုတာ
တိုက်စားပါများလာတဲ့
ကျောက်တုံးတစ်တုံးလိုပဲ
ချစ်ခြင်းမုန်းခြင်းတွေကြား
လုံးပါး ပါးလာတယ်
အခုအရွယ်မှာ
လိုချင်တာတွေလည်း ရခဲ့ဖူးပြီ
မလိုချင်တာတွေလည်း
ခပ်ရဲရဲ လှီးထုတ်လိုက်နဲ့
ကိုယ့်တောင်ပံတွေ ကိုယ်ညှပ်ပြီး
တစ်စုံတစ်ယောက်နားမှာလည်း
နေခဲ့ပြီးပြီ
တစ်နေ့တော့တော့
လွင့်မျောလို့ ရမယ် ထင်ပါရဲ့

No comments:
Post a Comment