Wednesday, July 29, 2015

ဝေခွဲမရခြင်း
















ကိုယ်ငိုယိုညည်းတွားနေတာတောင်မှ
ဖုန်းကိုပိတ်ပြီး အိပ်ပစ်နိုင်တာ
ဘယ်နှစ်ခါလောက် လုပ်ပြီးပြီလဲ

အဲဒီအတွက်
ကိုယ် ဘယ်နှစ်ခါလောက်
အသည်းကွဲပြီးပြီလဲဆိုတာရော မင်းသိရဲ့လား

(ကိုယ့်လိုမိန်းမမျိုးက
အကြောင်းမရှိဘဲ မငိုတတ်တာ
သိသိရက်နဲ့)

အနာဂတ်တွေက
ဟိုးအဝေးမှာ မှုန်ပျပျနဲ့
ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းမှုလမ်းဆုံမှာ
ကိုယ်ရပ်နေရဲ့....

 ပျော်ရွှင်ခြင်းရဲ့ ကခုန်သံတွေ
လှမ်းမကြားရရင်တောင်မှ
ဝမ်းနည်းခြင်းရဲ့ ရှိုက်သံတွေက
တိုးတိတ်ရိုက်ခတ်နေတုန်း

မိုးပေါ်ကို ဝေခွဲမရ
မော့ကြည့်လိုက်တယ်
မိုးစက်တွေက မျက်ရည်တွေအပေါ်
တစ်စက်စက်ကျလို့

ကိုယ့်မျက်ရည်တွေ
လူတွေ ထပ်မမြင်ရအောင်
ဒီလောက်ကူညီတာပဲ
ကျေနပ်ပါပြီ လောကကြီးရယ်....

No comments:

Post a Comment

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား " ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ သူ့အတွက် လွယ်ကူပေမယ့် ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရင်ဆိုင်...