
ကိုယ်နဲ့အမြင်မတူရင်
ရန်သူလို့ ထင်တတ်ကြတဲ့ လောကကြီးမှာ
သွေးအေးအေးနဲ့ ပြုံးနေတတ်ဖို့
ဘယ်လောက်ထိရှထားခဲ့လဲဆိုတာ..
လက်ဖဝါးဆိုတာ
လက်ဖမိုး..မဟုတ်ဘူးလို့
တကယ်သိတဲ့ အချိန်ရောက်မှပဲ
အံ့သြတကြီး ဖြစ်နေပါစေလေ
တစ်ချို့အရာတွေက အချိန်ပေးရတယ်
ယုတ်မာတယ်လို့သာ နာမည်မခံချင်တာ
သူတပါးကို ဖရိုဖရဲလုပ်ပစ်နိုင်တာကို
သတ္တိလို့ မှတ်နေကြတဲ့ခေတ်မှာ
ဘယ်သူ့ဆန်ကိုစားပြီး ရဲရဦးမှာလဲ
အသာအယာပဲ နောက်တစ်လှမ်းဆုတ်ပြီး
အရှုံးကို ပစ်ပေးလိုက်တယ်
(ဘဝမှာ အဲဒီထက် ပျော်ရတာမျိုး မရှိတော့လောက်အောင်)
ဝမ်းမြောက်ဝမ်းသာ ရှိပါစေလေ
No comments:
Post a Comment